04

5.7K 778 54
                                    

(Zaw Gyi)

လျှောက်ရမယ့်လမ်းတွေ မတူညီတာတောင်မှ ..
နှစ်ဦးသား ရည်ရွယ်ချက်တွေမတူတာတောင်မှ ..
ဝမ်ရိပေါ်ရဲ့ ရည်မှန်းချက်က နှစ်ခုတည်းရယ် ။
မနက်မိုးလင်းလို့ မျက်စိဖွင့်ရင် ရှောင်းကျန့်ရဲ့ မေးဖျားစွန်းစွန်းကို မြင်ချင်တယ် ။
ညမိုးချုပ်လို့ မျက်စိပိတ်ရင် ရှောင်းကျန့်ရဲ့ ရင်ခွင်ကျယ်မှာ မျက်နှာအပ်ချင်တယ် ။

အခုတော့ ရည်မှန်းချက်ထက်တောင် သာလွန်စွာနဲ့ပဲ နေ့လည်ခင်းအချိန်မှာ ရှောင်းကျန့်က သူ့ကို သိုင်းဖက်ပြီး အိပ်မောကျနေပါသတဲ့ ။
လက်တစ်ဖက်ရဲ့အလေးချိန်က ခါးစောင်းကို ကန့်လန့်ဖြတ်ထားပါတယ် ။
မနိုးအောင် အသာလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်တော့မှ ရင်ခွင်နန်းပိုင်ရှင်ရဲ့ မျက်နှာကို မြင်ဖူးရသတဲ့လေ ။

ရှောင်းကျန့်က ရိပေါ်အတွက် တကယ် နတ်ဘုရား ။
ချစ်၍လည်း စေညွှန်ရာ၏ မုန်း၍လည်း လှည့်စားရာ၏ ဆိုတဲ့ ခံစားချက်မျိုးကို ရှောင်းကျန့်တစ်ယောက်တည်းကပဲ ပေးနိုင်တာ ။
မျက်နှာချောချောကို ကြည့်ရင်းနဲ့ မျက်ရည်ပါကျလာရတဲ့အထိ သူဟာ ရှောင်းကျန့်ကို မြတ်နိုးလှချည်ရဲ့ ။

"နိုးပြီလား ..?"

"အင်း ။"

"အဖျားငွေ့ငွေ့လေးကျန်သေးတာပဲ ။"

ရှောင်းကျန့်ရဲ့ လက်နုနုကလေးက သူ့နဖူးပေါ် လာအပ်တော့ ကြောင်ကလေးလိုပဲ မျက်နှာကို ရှေ့တိုးမိပြန်တယ် ။
ရှောင်းကျန့်က မျက်နှာဖုံးတွေများရမယ့်သူဆို ရိပေါ်က ရှောင်းကျန့်ရှေ့မှာ ဘာမျက်နှာဖုံးမှ မတပ်ချင်တဲ့သူ ။
မာမာထန်ထန်နဲ့လည်း မနေချင် ။ ဘာမထီဟန်နဲ့လည်း မဆက်ဆံချင် ။

"ဒီည လာဦးမယ်မလား ? ဒီတိုင်းလေ ဘေးနားမှာ တူတူလာအိပ်ပေးဦးမယ်မလား ? ကျွန်တော် နေမကောင်းသေးဘူး ။ "

"ဒီညမအားဘူး ဝမ်ရိပေါ် ။ ကိုယ် ညစာစားပွဲတစ်ခုတက်ဖို့ရှိတယ် ။"

"အော် .."

ရှောင်းကျန့်က သူပိုင်တဲ့အရာမှ မဟုတ်ပဲ ။
အင်း ။ ရှောင်းကျန့်ကလည်း တစ်ဦးဆိုင်နာမ် ဘယ်လုပ်ချင်မလဲ ။
ကျိုးပဲ့သွားတဲ့ မျှော်လင့်ချက်အပိုင်းအစတွေကို ပြန်ရေတွက်ရင်ဖြင့် နည်းနည်းနောနောမဟုတ် ။
ဒီတိုင်း သူက မရေတွက်ခဲ့ရမှာ ။ သူမှားသွားတာ ။ သူ့ကမ္ဘာမှာတော့ ရှောင်းကျန့်ကသာ အမှန် ရှောင်းကျန့်ကသာ စံ ။

My MuseWhere stories live. Discover now