Chapter 16 💙

1.3K 106 9
                                    

Unicode

ရွှီး ဒိုင်း ဆိုတဲ့အသံတွေနဲ့အတူ မီးရှုး မီးပန်းတွေကို ပင်လယ်ပြင်အထက်ကကောင်းကင်မှာ ဖောက်နေတဲ့အချိန်Mewရဲ့ရင်ခွင်ထဲမှာGulfကငြိမ်လျက်သားရှိနေတယ်။

Mewအနည်းငယ်လွှတ်ပေးလိုက်ပြီးနှစ်ယောက်လုံးကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တော့ အရောင်မျိုးစုံနဲ့လှပစွာ ထွန်းလင်းတောက်ပသွားတဲ့ မီးရှုးမီးပန်းတွေမြင်လိုက်ရတယ်။ဒီလိုလှပလွန်းတဲ့မြင်ကွင်းကို ချစ်ရသူနဲ့အတူတူကြည့်ခွင့်ရတာလဲ Mewအတွက်ပျော်ရွှင်မှုတစ်ခုပါပဲ။

ပြီးတော့ Gulfရဲ့အိပ်ခန်းထိကိုလိုက်ပို့တော့ Gulfကမလိုက်ခဲ့ဖို့ငြင်းဆန်ပေမယ့် Mewကတော့အတင်းလိုက်ခဲ့တာကြောင့်
ဘာမှမပြောပဲလက်ခံလိုက်တယ်။

စကားရယ်လို့နှစ်ဦးလုံးမဆိုပဲ Gulfအခန်းရှေ့ထိလိုက်ပို့ပြီး Mewလက်ပြတော့ Gulfကတစ်ချက်ကြည့်ပြီး အခန်းတံခါးကိုပိတ်သွားတယ်။

**************************

ပင်လယ်လေရဲ့တိုက်ခတ်မှုနဲအတူ
နိုးထပြီးမနက်ခင်းကိုစတင်လိုက်တော့ မျက်နှာပြင်ကတော့ခပ်စပ်ကျိန်းကျိန်းနဲ့

အမှန်တိုင်းပြောရရင်ပင်လယ်ကိုGulfမကြိုက်ဘူး ပင်လယ်ထက်တောင်တန်းတွေကိုပိုသဘောကျပေမယ့် ဒီကနေ့နိုးထလာတဲ့
မနက်ခင်းကလဲ သူ့အတွက်အထိအတွေ့အသစ်တခုလိုပါပဲ။

ပြီးတော့နှလုံးသားကကော အထိအတွေ့အသစ်ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားဆိုတာ သူသေချာမသိဘူး။ မနေ့ကသူ့ရှေ့မှာဝန်ခံလာတဲ့Mewကို သူခေါင်းလဲမငြိမ့်ခဲ့သလို ငြင်းဆိုတာမျိုးလဲမလုပ်ခဲ့ဘူး။

သူ Mewကိုချစ်တယ်

ဒါကကိုယ်ကိုယ်တိုင်ပဲသိတဲ့ ဝန်ခံချက်အဖြေတစ်ခု ဒါပေမယ့် ဒီအ​ဖြေကို မသိအောင်ထိန်းသိမ်းလာခဲ့တာ Mewမှာသက်ဆိုင်သူရှိနေပြီး Gulfဆက်တိုးလို့မရလောက်တဲ့အခြေအနေကတည်းက အရမ်းကိုပြတ်ပြတ်သားသား ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတဲ့ ဝန်ခံချက်တစ်ခု

မနေ့ကချစ်ရသူ ဝန်ခံလျှောက်ထားလာတာကအမှန်တိုင်းဆို အရမ်းကိုပျော်ရွှင်စရာ
ချက်ချင်းကိုပြေးဖက်ပြီး ခေါင်းငြိမ့်စရာ အဖြစ်အပျက်ဆိုပေမယ့်Gulfအဖို့ကတော့
တကယ့်ကိုရှေ့တိုးမရ နောက်ဆုတ်မရတဲ့အနေအထားမျိုးနဲ့မို့ ဘာဆက်လုပ်ရမှန်းမသိဘူး Mewကိုဒီနေ့တွေ့ရင်ကော သူဘာပြောရမှာလဲ။

We Got Married Where stories live. Discover now