🔞 Warranty Alarms
Unicode
တံခါးလေးကိုအသားလေးတွန်းဖွင့်လိုက်တော့ ကြမ်းပြင်မှာခွေခွေလေးအိပ်နေတဲ့ သားနှစ်ယောက်ကိုတွေ့တော့ Maeနှစ်ယောက်တိတ်တိတ်လေးပြန်ထွက်လာလိုက်တယ်။
"ကလေး၂ယောက်ကိုကြည့်အုံး ကုတင်ရှိရဲ့သားနဲ့အပေါ်မှာလည်းမအိပ်ကြဘူး"
"ဟုတ်ပါ့Mayရယ် ကြည့်ရတာ ကုတင်ကျဥ်းနေလို့ထင်တယ် လာ May တို့တွေလည်းမြန်မြန်ပြန်ရအောင်"
မနက်အစောကတည်းကထပြီး သားနှစ်ယောက်အဖို့ မနက်စာစီစဥ်ပေးပြီးတာနဲ့ Mew Daddyဆီမနက်အစော flightနဲ့ ခရီးဆက်ကြမှာမို့ သားနှစ်ယောက်ကိုနှုတ်ဆက်ဖို့အခန်းတံခါးကိုခေါက်ပေမယ့် မရတာနဲ့ တံခါးကိုအသာလေးတွန်းကြည့်တော့ ကုတင်ပေါ်မှာရှိမနေပဲ ကုတင်အောက်မှာခွေခွေလေးအိပ်နေတဲ့ကလေး၂ယောက်ကိုမြင်ရတော့ စိတ်ထဲတောင်သနားမိတယ်။ ကလေး၂ယောက်ကအမေတွေကြောင့် အဆင်မပြေဖြစ်ရတယ်လို့တွေးပြီးစိတ်မကောင်းဖြစ်မိတာပါ။ ပြီးတော့သား၂ယောက်လက်ထပ်ပြီးသွားရင် ဒီထက်ကြီးတဲ့ အိမ်ဝယ်ပေးမှရမယ်လို့Mewမေမေတွေးလိုက်မိတယ်။
အခန်းတံခါးလေးကို အသာလေး ပိတ်ပြီးမိခင်နှစ်ယောက်လဲ သွားစရာရှိတဲ့နေရာကိုထွက်လာခဲ့လိုက်ကြတယ်။
********************
မနက်ခင်းအလင်းရောင်က ပြတင်းပေါက်ကနေတစ်ဆင့် မနက်ပေါ်ကိုထိုးကျလာတော့ Mew အသာလေးမျက်လုံးကိုကြိုးစား
ဖွင့်ကြည့်လိုက်တယ်။ကိုယ့်မျက်နှာရှေ့အနီးလေးမှာအိပ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတော့ အလိုလိုနှုတ်ခမ်းထောင့်ချိုးလေးကိုကွေးမိတယ်။
အတန်ကြာငေးကြည့်နေရင် ကလေးငယ်ကလည်းလှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာတယ်။
"ကလေး နိုးပြီလား"
မျက်လုံးတချက်ပွတ်ပြီး အိပ်ချင်မူးတူးနဲ့ထထိုင်တော့Mewလဲကလေးနဲ့အတူလိုက်ထိုင်လိုက်တယ်။
"နိုးလာတာ ဘာစကားမှလဲမပြောဘူး"
Gulfတစ်ယောက်ညက လူမသိ သူမသိ ခိုးနမ်းထားတဲ့နှုတ်ခမ်းအစုံပိုင်ရှင်ကို မျက်လုံးမဆုံပဲမျက်နှာလွဲလိုက်တယ်။
YOU ARE READING
We Got Married
FanfictionMewGulfကိုချစ်လွန်းလို့ပထမဆုံးစရေးဖြစ်တာလေးမို့လို့အားပေးကြပါအုံးနော်💙💙💙