Chapter 12 💙

1.2K 99 8
                                    

Unicode

တီ တီ တီ

အဆက်မပြတ်ထွက်လာတဲ့ကားဟွန်းသံကြောင့်Gulf​နောက်ကိုလှည့်ကြည့်လိုက်တော့မှန်တံခါးကိုချပြီးပြုံးပြနေတဲ့Mewကိုတွေ့လိုက်ရတယ်။

"ကားပေါ်တက်"

သူ့အနားကိုကားတဖြည်းဖြည်းလှိမ့်လာရင်းMewပြောလိုက်တယ်။

"မတက်ဘူး"

Gulfပြန်ပြောရင်းကိုယ်သွားမဲ့လမ်းကိုဆက်သွားတော့ Mewကားကတစ်ဘီးစီလှိမ့်ရင်နောက်ကနေလိုက်လာတယ်။

"ဟိတ်ကားပေါ်တက်လို့ပြောနေတယ်"

"မတက်ဘူးလို့လဲပြောနေတာလေ"

စကားကိုထပ်ပြီးလျစ်လျှူရှုဆက်သွား​နေတာမို့Mewကားပေါ်ကနေဆင်းပြီးGulfရှေ့သွားပိတ်ရပ်လိုက်တယ်။
မနေ့ကကိစ္စဖြစ်ပြီးကတည်းကသူGulfကိုကျောင်းလိုက်ပို့မယ်ဆုံးဖြတ်လိုက်တယ်။သူမလိုက်ချင်လဲရအောင်ကိုခေါ်ပြီးလိုက်ပို့ပေးမယ်လို့တွေးထားပြီးသား။

"မင်းကိုကားပေါ်တက်လို့ပြောနေတာကို ဘာလို့စကားနားမထောင်ရတာလဲGulf"

"ကျွန်တော်မလိုက်ချင်ဘူးလို့ပြောနေတာကိုကောခင်ဗျားကဘာလို့နားမထောင်ရတာလဲ ခါတိုင်းလဲဒီလိုသွားနေကြကို အခုမှဘာထဖြစ်တာလဲ ဖယ် ကျွန်တော့်Bus carလာတော့မယ်"

သူတို့နှစ်ယောက်အခုစကားရပ်ပြောနေတာ Bus carမှတ်တိုင်နဲ့မလှမ်းမကမ်းမှာဖြစ်တယ်။Gulfကမနက်တိုင်းBus Carနဲ့ကျောင်းသွားနေကျကို Mew တစ်ယောက်စိတ်မချဖြစ်ရာကနေတစ်လမ်းလုံးလိုက်လာပြီးကားနဲ့လိုက်ပို့ကိုခေါ်နေတာဖြစ်တယ်။Gulfရဲ့ရှေ့ကနေMewပိတ်ရပ်နေပြီး Gulfဘယ်ဘက်လှမ်းသူလဲလိုက်လှမ်း ညာဘက်လှမ်းရင် သူလဲလိုက်လှမ်းနေလို့ ဘေးကဖြတ်သွားတဲ့သူတွေတောင် ဟိုကြည့်ဒီကြည့် ကြည့်သွားကြတယ်။

"ဖယ်ဗျာ ခင်ဗျားဘာလုပ်နေတာလဲ သူများတွေဝိုင်းကြည့်နေတယ်လေ"

"ကြည့်ပလေ့စေပေါ့ တက်အခုကားပေါ် ကျောင်းနောက်ကျတော့မယ်"

"ဟာ ဟိုမှာ ကျွန်တော်စီးမဲ့ကားလာနေပြီ သွားပြီနော်"

Mewပြောနေတဲ့အချိန်Gulfစီးရမဲ့ကားကBus Carမှတ်တိုင်ကိုဆိုက်လာတာမို့Gulfအမြန်ပြေးတက်သွားတယ်။

We Got Married Where stories live. Discover now