Unicodeအချစ်မဖြစ်လာနိုင်တဲ့အဆင့်ကနေအမုန်းတွေအဖြစ်ပြောင်းသွားရင်တောင်Gulfအ
တွက်ပိုင်ဆိုင်ချင်မိတဲ့လူတစ်ယောက်ကMew Suppasitဆိုတဲ့လူသားတဲ့လား။တစ်ဖက်ကတင်းလွန်းကြိုးနဲ့တားထားပေမယ့်ရှေ့ဆက်တိုးမဲ့သူကကျွန်တော်ကိုယ်တိုင်ဖြစ်နေတာမို့် နောင်တရမယ်ဆိုလဲဒီလူ့နားတော့တခါလေးပဲဖြစ်ဖြစ်သွားချင်တာကစိတ်အလို၏ဆန္ဒမို့လို့ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ရင်း ဒီလမ်းကိုလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်။ပန်းတိုင်အဆုံးမှာစောင့်နေတဲ့သူကအမုန်းတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ကြိုဆိုပြီးအရှုံးတွေပေးသွန်ချပေးလိုက်ရင်တောင်Gulf ကျေနပ်လိုက်မှာမို့ ဆုံးဖြတ်ချက်ပြတ်သားစွာချလိုက်တယ်။ဧည့်သည်တွေပြန်သွားတော့မေမေနဲ့အတူ Gulf ထမင်းစားပွဲကိုဝိုင်းသိမ်းပေးလိုက်တယ်။ပြီးတော့Gulf မေမေ့ရဲ့အရိပ်အခြေကိုတချက်ကြည့်လိုက်တယ်။မေမေ စကားမေးအလာကိုစောင့်နေတာက သားလေး ဘယ္လိုသေဘာရလဲ အဆင်ပြေလား ဒီစေ့စပ်ပွဲ
ွဲကိုသားဘက်ကခေါင်းငြိမ့်လာဆိုတာကို မေးလာတာနဲ့ Gulfတခါတည်းအင်းလို့ပြောဖို့ဆုံးဖြတ်ထားတာမို့ပါ။ ဒါပေမဲ့ေမမေက
တခွန်းမှမဟပဲ သူ့အလုပ်ပဲဆက်လုပ်နေတာမို့ Gulf ဘက်ကပဲချောင်းတစ်ချက်ဟန့်ပြီး စပြောဖို့ဆုံးဖြတ်လိုက်တယ်။ဖေဖေနဲ့မေမေရဲ့ မဂ်လာဦးတုန်းကသေချာတန်ဖိုးထားသုံးထားတဲ့ ပန်းကန်တွေကိုဒီနေ့အထူးဧည့်သည်တွေကြောင့်သုံးလိုက်တာမို့သန့်စင်ဆေးကြောအပြီးမှာ Gulf နောက်ဆုံးတစ်ချက်ကိုအဝတ်နဲ့သေချာသုတ်ပြီး စားပွဲပေါ်တင်လိုက်ရင်း မေမေ့ကိုစကားစလိုက်တယ်။
"မေမေ......"
"ဟင် အင်း သားလေး ပြောလေ"
Gulf မချင့်မရဲဖြစ်နေပြီးမှ မေမေကိုသေချာကြည့်လိုက်တယ်
"သား ဒီစေ့စပ်ပွဲကိုလုပ်ကြည့်ချင်တယ်"
"ဟင် သား သားတကယ်ပြောတာလား"
"ဟုတ် မေမေ အကယ်လို့စေ့စပ်ပြီး၃လလေ့လာကြည့်ပြီးလို့ သားတို့အဆင်မပြေဘူးဆိုအဲ့ကျရင် လက်ထပ်စရာမလိုဘူးမလား"
YOU ARE READING
We Got Married
FanfictionMewGulfကိုချစ်လွန်းလို့ပထမဆုံးစရေးဖြစ်တာလေးမို့လို့အားပေးကြပါအုံးနော်💙💙💙