Unicode
ဘောလုံးကန်အဝတ်တွေကိုလဲဖို့ကျောင်းရဲ့lockerထားတဲ့ဆီကိုGulfသွားတော့နောက်ကနေ Mildပါပါလာတယ်။ဒီရက်ပိုင်းဘောလုံးမကန်ဖြစ်တာကြာပြီမို့ Mildတို့နဲ့အချိန်ရအောင်ချိန်းရင်းကန်ဖြစ်ကြတယ်။Gulfဘောလုံးကန်အကျီကိုချွတ်ပြီး lockerထဲထည့်ခဲ့တဲ့ကျောင်းအကျီကိုပြန်ဝတ်လိုက်တယ်။
"ဟေ့ရောင် Gulf မင်းနဲ့ Namနဲ့အခြေအနေ Okနေပြီလား"
"ဟာ ဘာကို Okရမှာလဲ အရူးရဲ့"
"ဘာမသိချင်ယောင်ဆောင်နေတာလဲ presentationအကြောင်းပြပြီးမင်းတို့ဇာတ်လမ်းဖြစ်ဖို့ကြိုးစားနေတာေလ
GPထဲမှာမင်းတို့နှစ်ယောက်တက်အကြွဆုံးပဲ""အဲ့တာမင်းတို့ရေသာခိုနေလို့ငါတို့၂ယောက်ပိုလုပ်နေရတာလေ"
"Gpထဲမှာတောင် ဒီလောက်ဆို နှစ်ယောက်တည်းသာဆိုဘယ်လောက်တောင်....."
Gulf Mildရဲ့ခေါင်းကိုပိတ်ရိုက်လိုက်ပြီး
"မင်းကလေ အဲ့လိုဦးဏှောက်မရှိတဲ့ဟာမျိုးဆိုသိပ်တွေးတာပဲ"
"ငါဦးဏှောက်မရှိတဲ့အတွေးကိုတွေးတာမဟုတ်ဘူး မင်းကိုNamကကြိုက်နေမှန်းသိလို့ပြောတာ ဟိုတလောကလဲမင်းမှာချစ်သူရှိလား အိမ်ကစေ့စပ်ထားတဲ့သူရှိလားတွေလာမေးနေတာ"
Namကဘာလို့အဲ့လိုမေးခွန်းမေးနေတာပါလိမ့်လို့Gulfတွေးလိုက်တယ်။
"အဲ့တာနဲ့ငါလဲမရှိဘူးလို့ဖြေလိုက်တယ် ဟုတ်တယ်လေ တကယ်လဲရှိမှမရှိတာ မဟုတ်လား"
"သူကဘယ်တုန်းကမေးတာလဲ"
"မကြာသေးဘူး မင်းဟိုအမဆရာMewရဲ့
ကောင်မလေးနဲ့တွေ့တုန်းကလေ ခဏအခုမှသတိရတယ်ဆရာရဲ့ကောင်မလေးကမင်းကိုဘာလို့လာတွေ့တာလဲGulf"Gulfဘာမှပြန်မဖြေပဲငြိမ်နေလိုက်တယ်။
"ဟေ့ရောင် ဖြေလေကွာ ဘာတွေးနေတာလဲ"
"ဘယ်တခုဖြေရမှာလဲ ငါစေ့စပ်ထားတာရှိတာမရှိတာလား ဒါမှမဟုတ် ဆရာMewရဲ့ကောင်မလေးအကြောင်းလား"
"မင်းစေ့စပ်ထားတာမှမရှိတာ ဆရာ့ကောင်မလေးအကြောင်းပြော"
YOU ARE READING
We Got Married
FanfictionMewGulfကိုချစ်လွန်းလို့ပထမဆုံးစရေးဖြစ်တာလေးမို့လို့အားပေးကြပါအုံးနော်💙💙💙