Chapter 2 💙

1K 81 2
                                    

Unicode

မစရသေးခင်မှာ ဆုံးနေတဲ့အချစ်အတွက်
Gulfဝမ်းနည်းရုံကလွဲလို့ဘာတတ်နိုင်မှာတဲ့လည်း အရာအားလုံးက ကို်ယ်ဖြစ်စေချင်သလိုဖြစ်လာရင် ချစ်ချင်သလိုချစ်နိုင်ရင်
ဒီကမ္ဘာမှာအသည်းကွဲတဲ့သူဘယ်ရှိပါ့မလဲ

တစ်ဖက်သတ်ပဲစခဲ့တဲ့ဇာတ်လမ်းမို့တစ်ဖက်သတ်ပဲ ပြီးဆုံးလိုက်တာကောင်းပါတယ်္။ ဒီဘဝတော့ကျွန်တော့်လက်လျှော့နေလေရော့​ေတာ့လို့ ကိုယ့်ကိုယ်ကိုအော်ပြီးလှောင်ရယ်လိုက်မိချင်တယ်။ မဖြစ်နိုင်တာကိုစခဲ့မိတာကိုယ့်အမှားဆိုပေမယ့် နှလုံးသားကတော့ ချစ်မိတဲ့အတွက်နောင်တရခြင်း အလျင်မရှိ။

ေကျာင်းဝန်းထဲကထွက်လာတဲ့​ခြေလှမ်းတွေကခပ်သွက်သွက်ဆိုပေမယ့် အိမ်နားရောက်တော့အလိုလိုနှေးကွေးသွားတယ်။ မမြင်ချင်တာတွေကိုရှောင်ဖို့ ကျမိတဲ့မျက်ရည်ကိုသူများတွေမမြင်စေရန်အလို့ဌာ အမြန်ပြန်ခဲ့မိပေမယ့် တကယ်တမ်းကျ လူတစ်ကိုယ်လုံးလှုပ်ရှားချင်စိတ်တောင်မရှိ။

Gulfအိမ်ထဲဝင်လိုက်တာနဲ့ စတွေ့လိုက်ရတာက မြင်နေကြမဟုတ်တဲ့ဖိနပ်နှစ်ရံရယ် ပြီးတော့ အိမ်ကထဲပျံ့လွှင့်လာတဲ့ရယ်သံခပ်ရောရောပါနေတဲ့စကားသံ​ေတွရယ်။ တစ်ယောက်ယောက်ရောက်နေတယ်ဆိုတာ အိမ်ရှေ့မှာရပ်ထားတဲ့ကားအကောင်းစားကြီးကြောင့် Gulfသိလိုက်ပေမယ်​့ ဘယ်သူတွေလဲဆိုတာတော့Gulfမသိ။

ဧည့်ခန်းထဲလှမ်းကြည့်လိုက်တော့ မေမေရယ် ပြီးတော့မေမေရှေ့မှာထိုင်နေတဲ့ မေမေနဲ့သက်တူရွယ်တူရှိတဲ့ ဦးလေးနဲ့အန်တီတို့ကGulfကိုမြင်တာနဲ့အပြုံးတွေအများကြီးနဲ့ရင်းနှီးမှုရှိသလိုပုံစံနဲ့စီးကြိုလိုက်တာမို့ Gulfအူကြောင်ကြောင်နဲ့ဖြစ်နေရတယ်။

"သားလေး Gulf ကျောင်းကပြန်လာပြီလားလာပါအုံးသားရယ် မေမေ မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမလို့"

"ဟုတ်"

အခုလိုစိတ်ထဲရှုပ်ထွေးနေချိန်Gulfဘယ်သူနဲ့မှစကားမပြောချင်ပေမယ့် မေမေ့မိတ်ဆွေဆိုတော့မပြောရင်ရိုင်းရာကကျနိုင်သည်မို့ဧည့်ခန်းထဲGulfဝင်ထိုင်လိုက်သည်။

We Got Married Where stories live. Discover now