Chapter 23 💙

2.1K 93 10
                                    


Unicode

ဘွဲ့ဝတ်စုံ လေးတွေ ကျောင်းသားတိုင်းကကြည့်ကောင်းနေတဲ့အထဲ Gulfတစ်ယောက်လည်းမပါမဖြစ်ပေါ့။

Internကိုပြီးသည့်အထိ Mew Daddy Company မှာအလုပ်ဆင်းပြီး စာမေးပွဲဖြေပြီး Gulfအခုတော့ဘွဲ့အခမ်းအနားကိုတက်ရောက်ယူပြီးလို့အပြင်ကိုပြန်ထွက်လာတော့ Mew တို့ မိဘတွေရောက်နေတယ်။

Mewနဲ့အဆက်အသွယ်မလုပ်ဖြစ်ပေမယ့် Mewမိဘ၂ဦးစလုံးနဲ့ကအဆက်အသွယ်ပြတ်တယ်လို့ကိုမရှိဘူး။

မေမေက Gulfအဖော်မရှိမှာဆိုးလို့သာ သူနဲ့လိုက်နေပေးတာ များသောအားဖြင့် Mewမေမေနဲ့အတူ သွားလာစားသောက်နေတုန်းပဲ။

တစ်ခါတစ်လေ Mewအကြောင်းကို သူကြားအောင် အော်ပြောနေတတ်ကြသေးတယ်။ အဲ့ချိန်ဆို Gulfတစ်ယောက်ရယ်ကျဲကျဲသာလုပ်နေလိုက်တော့တယ်။

Mew က အခုသင်တန်းအသစ်ဖွင့်လိုက်ပြီဆိုတဲ့အကြောင်း ဆိုင်ကလည်းတခြားအခွဲတွေဖွင့်နေရပြီဆိုတော့အကြောင်းကြားရတော့Gulf ဝမ်းသာမိပါတယ်။

အခုGulfဘွဲ့ရပြီးတာနဲ့ J & Cမှာ လုပ်ရမယ်လို့ Mew Daddy က Gulfကိုပြောလာတယ်။
Mewနဲ့မပက်သက်ရင်တောင်သူတို့နဲ့တော့ အဆက်မဖြတ်ပစ်လိုက်ပါနဲ့လို့ပြောသေးတာမို့ Gulfမလွှဲသာခေါင်းငြိမ့်ရပြန်တယ်။

အခုလည်း ဘွဲ့အခမ်းအနားကို လာရောက်ဂုဏ်ပြုပေးကြပြန်ပါတယ်။

"သားလေးကကြည့်ပါအုံး ချောခန့်နေတာပဲ ဘွဲ့ဝတ်စုံလေးနဲ့လိုက်နေတာ"

Mew မေမေ Gulfကိုကြည့်ရင်းပြောလိုက်တယ်။

Gulfကတော့ တစ်ချက်ပြုံးပြပြီး မျက်လုံးကကျီးကန်းတောင်းမှောက်လူတစ်ယောက်ကို
လိုက်ရှာနေမိတယ်။

သိပ်မကြာဘူး Mildတို့သူငယ်ချင်းတွေရောက်လာပြီး Gp photoရိုက်မယ်ဆိုတော့လာ်း Gulf အမြန်သွားရိုက်လိုက်တယ် ပြီးတော့သူ မျှော်နေတဲ့သူကို လိုက်ရှာနေမိတယ်။

သူလာမှာ သေချာပါတယ် ဘာလို့မလာရမှာလည်း မလာလို့ကတော့ သူတို့၂ယောက်ကြားက ဇာတ်လမ်းအကုန်ပြတ်ပြီးလို့သတ်မှတ်လိုက်တော့မှာပါ။

စိတ်ထဲတစ်ယောက်တည်းစကားတွေပြောရင်း ရိပ်ခနဲတွေ့လိုက်ရတော့ပုံရိပ်လေး

We Got Married Where stories live. Discover now