Chapter 5 💙

1K 83 4
                                    


Unicode

တစ်ခန်းလုံးကိုအမှောင်ချထားပြီး မျက်နှာကျက်ကအလှတပ်ထားတဲ့ walling lampကိုMewငေးကြည့်နေမိတယ်။ သူအိပ်ဖို့ကြိုးစားပေမယ့် လုံးဝအိ်ပ်လို့မရတာမို့ မျက်လုံးကိုအလုပ်ပေးရင်း စိတ်ထဲက ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ရေတွက်နေရင်း စေ့စပ်ပွဲဆိုတာကြီးခေါင်းထဲပြန်ပေါ်လာတာကြောင့် ကိုယ်ကိုဘေးစောင်းလိုက်ပြီး သက်ပြင်းအရှည်ကြီးချမိလိုက်တယ်။ ဘာလို့ အခုချိန်ကြမှ ဒီလို ကိစ္စတွေကရှိလာရတာလဲ။ ဘာလို့သူကျမှရွေးချယ်ခွင့်မရှိတဲ့အနေအထားတွေဖြစ်လာရတာလဲ။ တစ်ဖက်က ညိုးငယ်နေတဲ့Maeမျက်နှာရယ် တစ်ဖက်ကကိုယ်အချိန်အကြာကြီးနှစ်သက်ခဲ့ရတဲ့Maiဆိုတဲ့မိန်းကလေးရယ်။ Mew ဘာဆက်လုပ်ရမလဲ။ ငုတ်တုတ်ထထိုင်ပြီး သူတွေးမိတာက Maiကိုတိုင်ပင်ကြည့်ရမလားဆိုတာပဲ။

"ဟုတ်တယ် Maiက ဖြေရှင်းနိုင်မယ်ထင်တယ်"

သူကMaiနဲ့ဝါသနာလဲတူတယ် အကြိုက်လဲတူတယ်။ပြီးတော့Maiကသူအမြဲအခက်အခဲတခုခုတွေ့တိုင်းတိုင်ပင်နေကြ Maiကိုလဲအသိပေးရာရောက်အောင် သူပြောလိုက်ဖို့ဆုံးဖြတ်ရင်း ဖုန်းကိုကောက်ကိုင်ရင်းနံပါတ်တခုကိုနှိပ်လိုက်တယ်။

"တူ ~ တူ ~ တူ "

"Hello "

"Hello Mai ကိုယ်ပြောစရာရှိလို့"

Mew စကားစလိုက်ပြီးတာနဲ့ ဖြစ်ကြောင်းကုန်စဥ်ပြောပြလိုက်တဲ့အခါ Maiဘက်ကအတန်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ

"လက်ခံလိုက်ပါ Mew"

"ဟင် Mai တကယ်ပြောနေတာလား ကိုယ့်အပေါ်နည်းနည်းလေးတောင်ချစ်တဲ့စိတ်မရှိတာလား ဟုတ်လား Mai"

"Mew Mai ပြောတာအရင်နားထောင်အုံး Mewမှာဘဝတက်လမ်းဆိုတာရှိသေးတယ် Mewဖြစ်ချင်တာတွေ လုပ်ချင်တာတွေရှိသေးတယ် အခုအခြေအနေက Mewအတွက်လက်လွှတ်ပစ်ရမဲ့အခွင့်အရေးမဟုတ်ဘူး"

"အခွင့်အရေး ဘာ အခွင့်အရေးလဲ Mai
Maiနဲ့ကွဲရမှာက ကိုယ့်အတွက်အခွင့်အရေးတဲ့လား"

"Mew လုပ်ချင်တာတွေကို လုပ်ဖို့ဆို အခုအခြေအနေကိုလက်ခံရမယ် Mew"

"ဘာအဓိပ္ပာယ်လဲ Mai ကိုယ်နားမလည်ဘူး"

"အဲ့အဆောက်အအုံကိုလက်ခံလိုက်ပြီးအဲ့ကလေးကိုစေ့စပ်လိုက် အဲ့တာဆို Mewလုပ်ချင်တဲ့အလုပ်တခုကိုလုပ်နိုင်ပြီလေ"

We Got Married Where stories live. Discover now