Chapter 19 💙

984 64 1
                                    

Unicode

မနက်ဝေလီဝေလင်းအချိန်နဲ့အတူ Mewနိုးထလာပြီးဘေးနားက အိပ်မောကျနေတဲ့ကလေးကိုလှမ်းစမ်းမိတယ်။

ဟူးးးးးး တော်သေးပါရဲ့

ကလေးအခန်းထဲကထွက်သွားပြီထင်တာ။
မနေ့ညကသောက်ထားတဲ့အရှိန်ကြောင့်ခေါင်းကတရိပ်ရိပ်နဲ့ဆိုပေမယ့် ကလေးမထခင်ကြိုထပြီး မနက်စာပြင်ပေးရပါမယ်။
မနေ့ကသူအမှားလုပ်ထားတာမို့ တောင်းပန်ဖို့လဲလုပ်ရပါအုံးမယ်။

ညကသောက်ထားတဲ့အရှိန်ကိုပြေဖို့အရင် ရေအေးအေးတစ်ခွက်ကိုမော့ချရင်း နေ့စဥ်လုပ်နေကြအတိုင်း မနက်စာကိုပြင်ဆင်လိုက်ပါတယ်။

တဘက်ကိုပခုံးပေါ်တင်ရင်း အခန်းထဲထွက်လာတဲ့Gulfကိုမြင်လိုက်ရတော့Mewတစ်ချက်ပြုံးပြလိုက်ပေမယ့် မသိချင်ယောင်ဆောင်သွားတော့ကိုယ်လုပ်စရာရှိတာလုပ်ရင် Gulfကိုစောင့်နေလိုက်တယ်။

ပြင်ဆင်ပြီးလို့်လွယ်အိတ်ကောက်လွယ်ပြီးအခန်းထဲကထွက်လာတဲ့Gulfကိုမြင်တော့

"ကလေး လာ မနက်စာ စားမယ်လေ"

Mewညက ဖြစ်ရပ်ကို ဘာမှမဖြစ်ခဲ့သလိုနေရင်း Gulfကိုစကားပြောလိုက်တယ်။

Mewလှမ်းပြောပေမယ့် မသိချင်ယောင်ဆောင်ပြီး တံခါးကိုအုံကနဲနေအောင် ပိတ်ပြီးGulfထွက်လာခဲ့လိုက်တယ်။

အမှန်တိုင်းပြောရရင် သူနိုးနေတာကြာပြီ Mewအခန်းထဲမထွက်မချင်းသူမထပဲ အိပ်ချင်ယောင်ဆောင်နေတာ ရေချိုးဖို့ပြင်တော့လည်းMewနဲ့ အတတ်နိုင်ဆုံးမျက်လုံးချင်းမဆုံအောင်ကြိုးစားမိတယ်။ ညက ဖြစ်ရပ်က သူ့ဘဝအတွက် ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အပြင်ကို ဒီလိုရုတ်တရက်ကြီး အတင်းယူခံလိုက်ရတော့ ရှက်လဲရှက်သလို Mewကိုလည်းစိတ်လဲဆိုးတာမို့ မနက်စာတောင်မစားပဲစိတ်ရှုပ်ရှုပ်နဲ့ပဲထွက်လာခဲ့လိုက်တယ်။

ထမင်းပန်ကန်းနှစ်ခုကိုကြည့်ပြီး Mewသက်ပြင်းရှည်ကြီးချမိလိုက်တယ်။

ကိုယ်မှားသွားပါတယ် ကလေးရယ်

**************************

"Gulf Gulf ဟေ့ရောင် Gulf"

Mildနဲ့Kao အသားကုန်အော်ခေါ်နေပေမယ့် Gulfတစ်ယောက်လုံးဝမကြားဘူး။

We Got Married Where stories live. Discover now