Unicodeမနက်အလင်းရောင်နဲ့အတူMewနိုးထလာပေမယ့် လူကတော့အခုထိ ရီဝေပြီး အိပ်ချင်နေဆဲပဲ။ မနေ့ကအမှတ်တရကြောင့် ညတုန်းက ရင်ခုန်လွန် အတွေးလွန်ပြီး တစ်ညလုံးလှိမ့်ပြီးအိပ်မရခဲ့တာကြောင့် ခေါင်းထဲတော့နောက်ကျိကျိနဲ့ဖြစ်နေတယ်။
အခန်းအပြင်ကိုထွက်လာပြီး ရေခဲသေတ္တာထဲ ရေတစ်ဗူးဆွဲထုတ် ခွက်ထဲထည့်ပြီး မနားတမ်းသောက်ချလိုက်တယ်။ရေခွက်ကိုစားပွဲကိုချလိုက်တာနဲ့တစ်ပြိုင်တည်းGulf
အခန်းကတံခါးတွန်းဖွင့်လာတယ်။ခေါင်းကိုတစ်ခုလုံးကိုလက်နဲ့ထိုးဖွပြီး ပါးစပ်ကိုအကြီးကြီးပြဲနေအောင်သန်းရင် GulfနိုးလာတာကိုMewငေးကြည့်နေလိုက်တယ်။ အိပ်ရာနိုးစဌက်ပေါက်ကလေးက အသိုက်ထဲကတွန်းထိုးပြီးထွက်လာသလို အကောင်ပေါက်လေးက မျက်လုံးကိုသေချာမဖွင့် အကျီထဲကိုလက်တစ်ဖက်ထိုးထည့်ရင် သူ့အနားရောက်လာတော့Mewပြုံးပြလိုက်တယ်။
ရုတ်တရက်ဆိုသလို အာပြဲနေအောင်သန်းနေတဲ့ကလေးလေးက ပါးစပ်ကို တိခနဲနေအောင်ပိတ်သွားတယ်။
"နိုးပြီလား Gulf"
Mewအရင်နှုတ်ဆက်လိုက်တော့စကားပြန်မပြောပဲGulfခေါင်းပဲငြိ်မ့်ပြလိုက်တယ်။ပြီးမှ
"ခင်ဗျားလဲအစောကြီးနိုးနေတာလား"
Mewနားကိုလျှောက်လာရင်းရေခွက်ကိုဆွဲယူပြီးရေသောက်ဖို့လုပ်ရင်းပြောလိုက်တယ်။
"ပေး ကိုယ်ထည့်ပေးမယ်"
Gulfရဲ့ရေခွက်ကိုMewဆွဲယူလိုက်ပြီးရေထည့်ပေးလိုက်တော့ကောင်လေးကတစ်ကျိုက်တည်းနေအောင်မော့ချလိုက်တယ်။
"ညက......"
ညဆိုတဲ့စကားကိုGulfကြားရတာနဲ့တပြိုင်တည်း
"အဟွတ် အဟွတ် အဟွတ်...."
"ဟိတ် အာ ရေကိုဘယ်လိုတွေသောက်နေတာလဲ ရရဲ့လား"
Gulfရဲ့ကျောပြင်ကိုအသားပုတ်ပေးရင်Mewပြောလိုက်တော့ Okတယ်ဆိုတဲ့signလေးပြရင်း
"ရပြီ ရပြီ ကျွန်တော်ရပြီ ဘာမှမဖြစ်တော့ဘူး"
"ဖြေးဖြေးလုပ်ပါကွာ လန့်သွားတာပဲ သွား ရေချိုး ကျောင်းသွားဖို့ပြင်ဆင်ချည်း"
YOU ARE READING
We Got Married
FanfictionMewGulfကိုချစ်လွန်းလို့ပထမဆုံးစရေးဖြစ်တာလေးမို့လို့အားပေးကြပါအုံးနော်💙💙💙