Unicode
Kanchanaburiကိုမနက်၅နာရီအချိန်ထဲကMewတို့ထွက်လာခဲ့လိုက်တာ ၈နာရီလောက်ရောက်တော့မြို့အဝင်ကိုရောက်လာပြီ။KanchanaburiကBangkokကနေဆို ၂နာရီ၃နာရီလောက်ကားမောင်းရတဲ့Thaiနိုင်ငံအနောက်ဘက်အရပ်မှာရှိတဲ့နယ်စပ်မြို့လေးဖြစ်ပြီးမြန်မာနိုင်ငံရဲ့ထားဝယ်မြို့နဲ့နယ်နိမိတ်ထိစပ်နေတဲ့မြို့လေးတစ်မြို့ဖြစ်တယ်။ပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကဆောက်ထားခဲ့တဲ့သေမင်းတမန်တံတားကလဲဒီမြို့လေးရဲ့ပြယုဂ်တွေထဲကတခုဖြစ်တယ်။
Gulfရဲ့အဘွားလေးတို့နေတဲ့ရွာလေးဆီGulfမေမေရဲ့အကူအညီနဲ့မောင်းလာခဲ့ပေမယ့်Gulfကတော့တစ်လမ်းလုံးတစ်ချက်ကလေးတောင်မှမလှုပ်ပဲအိပ်ပျော်ပြီးလိုက်လာတယ်။Gulfမေမေကတော့Mewမပျင်းရအောင်တစ်ချိန်လုံးစကားတွေပြောပြီးအဖော်ပြုနေပေးတယ်။"KanchanaburiကိုGulfက၂ခေါက်လားမသိဘူးအဲ့တာပဲရောက်ဖူးတာ သူအဖေရှိတုန်းကရယ်ပြီးတော့သူ့အဖေဆုံးပြီး သူအထက်တန်းကျောင်းတုန်းကရယ်နဲ့တူတယ်"
"အဲ့မှာGulfရဲ့အဘွားတွေရှိတာလား"
"အင်းဟုတ်တယ် Gulfရဲ့အဘွားလေး မေမေ အမေရဲ့အဒေါ်တို့ကဒီမှာနေတာ သားကသာမမှတ်မိတာသားလဲဒီကိုရောက်ဖူးတယ်"
"ဗျာ ကျွန်တော်ကလား"
Mewတစ်အံ့တစ်သြမေးလိုက်တော့Gulfမေမေကခေါင်းငြိမ့်ပြပြီး
"ဟုတ်တယ်သားသေးသေးလေးတုန်းက အင်းအသက်ရှိမယ်ဆို ၁နှစ်ကျော်ကျော်လောက်ကထင်တယ် အဲ့တုန်းကဒီကလူတွေဆိုသားကိုချစ်လို့အကုန်ဝိုင်းချီကြတာမေမေတို့တောင်ထိန်းစရာမလိုဘူး"
Mewမမှတ်မိတော့ပေမယ့်Gulfမေမေရဲ့ပြောပြမှုကြောင့်ဒီမြို့လေးကသူနဲ့မစိမ်းသလိုခံစားလိုက်ရတယ်။
YOU ARE READING
We Got Married
FanfictionMewGulfကိုချစ်လွန်းလို့ပထမဆုံးစရေးဖြစ်တာလေးမို့လို့အားပေးကြပါအုံးနော်💙💙💙