[Unicode]
အယ်လိုနာက တံခါးကိုတိုးတိုးလေးဖွင့်လိုက်တာတောင် ဟိုလူကကြားတယ်ထင် သူရှိတဲ့ဘက်ကိုလှည့်ကြည့်တယ်။
သူကလည်းဟိုလူကိုကြည့်နေတော့ ဟိုလူကလှည့်အကြည့် သူတို့မျက်လုံးချင်းဆုံသွားတယ်။
ဒါပေမယ့် ခနပဲ ဟိုလူကပြန်လှည့်သွားပြီးတောဘ ဇွန်ဘီတွေကိုပြန်တိုက်နေတယ်။
' အားရန့် အဲ့လူကဘယ်သူလဲ '
တစ်ကယ်ပဲ အဲ့လူရဲ့ တိုက်ခိုက်စွမ်းကမြင့်လွန်းတယ်။
သူဓားတစ်ချက်ဝေ့ရမ်းလိုက်ရင် ဇွန်ဘီတွေဆိုတစ်ချက်ပဲ အကုန်သေကုန်ကြတာ။
^ အော် ကျွန်တော့်ကို မှတ်မိသေးတယ်ပေါ့နော် Host ^
' ငါကမင်းကို ဘာလို့မေ့ရမှာလဲ အားရန့်ကလည်း အမြဲတမ်းသတိရနေတာကို '
^ ဟွန့် အပြောပဲ ^
' ဒါနဲ့ ဟိုလူက? '
^ အဲ့လူရဲ့နာမည်က ရပ်ဖယ် တဲ့ ^
' ရပ်ဖယ်? ငါကြားဖူးသလိုပဲ။ အာ! Life saver ကခေါင်းဆောင်မဟုတ်လား '
^ ဟုတ်တယ် ^
' မင်းပြောတော့ သူကအလုပ်များတယ်ဆို ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ '
^ အဲ့ဒါသူ့ကိုသွားမေးပေါ့ Host ကလည်း ကျွန်တော်ဘယ်လိုသိမှာလဲ ^
' မင်းသိတာ ဘာမှမရှိဘူးနော် ဟွန့် '
^ Host ကသာ ယ ^
" အဟမ်း "
သူနဲ့အားရန့်နဲ့စိတ်ထဲကစကားပြောနေချိန် ချောင်းဟမ့်သာကြားလိုက်ရတာကြောင့် ကြည့်လိုက်တော့ ရပ်ဖယ်ဆိုတဲ့သူဖြစ်နေတယ်။
" ကိုယ့်ကိုဘာလို့အဲ့လောက်ကြည့်နေတာလဲ ဟမ်? "
" ဘယ် ဘယ်မှာကြည့်လို့လဲ ခင်ဗျားကို "
" ဟုတ်လား? မကြည့်ဘူးပေါ့။ ကိုယ်ဇွန်ဘီတွေနဲ့တိုက်နေကတည်းက မင်းကိုယ့်ကိုကြည့်နေတာ ကိုယ်မင်းရှေ့လာရပ်တဲ့အထိပဲ။
ကိုယ်မင်းကိုရပ်စောင့်နေသေးတယ်။ ဒါပေမယ် မင်းကကိုယ့်ရဲ့မျက်နှာကိုချည်းပဲစိုက်ကြည့်နေတာကို။ "
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?