[Unicode]
အယ်လိုနာ life saver စခန်းကိုရောက်နေတာ တစ်လကျော်ပြီ။
ဖြေဆေးတွေလည်းသူ့အဖေနဲ့အတူတူဖော်ပြီးပြီ။ လူအများကြီးအတွက်အလံုအလောက်ရှိတယ်။ ဖြန့်ချိရေးကတော့မစရသေးဘူး။ စမ်းသပ်ဆဲ။ ဒါကတော့သာမန်လူတွေသိတဲ့အထိပေါ့။
အယ်လိုနာနဲ့သူ့အဖေရယ် သူ့လူကြီးရယ်ပဲသိတဲ့ကိစရှိသေးတယ်။ အဲ့တာက သူတို့ဇွန်ဘီကာကွယ်ဆေးအပြင် နောက်ထပ်ဆေးတစ်ခုကိုလျို့ဝှက်ဖော်ဆက်ထားခြင်းပင်။
ကာကွယ်ဆေးကသူ့အဖေရဲ့ဖော်မြူလာနဲ့ဖော်ထားတာ။ အဲ့ကာကွယ်ဆေးကိုထိုးလိုက်ရင် ဇွန်ဘီတွေကကျော်သွားကြရော။
နောက်ဆေးတစ်မျိုးကကျတော့ အယ်လိုနာအားရန့်ရဲ့အကူအညီကိုယူပြီး ဖော်မြူလာထုတ်ထားတာ။
space မှာဓာတုဗေဒပညာရပ်သင်ထားပြီး ဘာလို့အသုံးမချလဲမမေးနဲ့ စာသင်ချိန်တိုင်းအိပ်ငိုက်နေလို့ ဘာမှမမှတ်မိလိုက်ရဘူး။
အဲ့ဆေးကို ဇွန်ဘီပိုးကူးစက်ခံထားရတဲ့သူကိုထိုးလိုက်ရင် ပထမဆုံး ချက်ချင်းငြိမ်ကျသွားလိမ့်မယ်။ ပြီးရင်သွေးမဲတွေအန်ထုတ်လိုက်မယ်။ နောက်ဆုံးကျမှ တစ်နာရီအတွင်းဇွန်ဘီပုံပျောက်ပြီး လူအကောင်းပကတိပြန်ဖြစ်သွားလိမ့်မှာ။
သူ့ကိုဒီရက်ပိုင်း ကလိုက်မနောင့်ယှက်ဘူး။ ပုံမှန်ဆို အရင်ကမ်ဘာတွေမှာ ဇာတ်လိုက်မတွေကအဲ့လိုမှမဟုတ်တာ။
ခိုမိုဗစ်က တော်တော်အေးအေးဆေးဆေးနိုင်တာပဲလို့ပြောလို့ရတယ်။ ( အယ်ကို အပြောမစောနဲ့ဦး )
ဂက်စ်ပတ်ကျတော့ သူနဲ့အပတ်အလမ်းတည့်တယ်။ Best friend forever တွေလိုပဲ။
သူအရင်က ဂက်စ်ပတ်ကို ဗီလိန်လို့ပဲထင်ခဲ့တာ။ ဒါပေမယ့် အဲ့လိုကြီးမဟုတ်ဘူး။
အယ်လိုနာ ဇာတ်ကြောင်းကိုေသချာပြန်ဖတ်ကြည့်မီ အရင်ဘဝက ဂက်စ်ပတ်က ခိုမိုဗစ်ကိုချစ်လွန်းလို့ ခိုမိုဗစ်ပြောတဲ့အတိုင်း တစ်သွေမသိမ်းလိုက်လုပ်ပေးတာ။
အခုကျတော့ သူကခိုမိုဗစ်ကိုရှိတယ်လို့ကိုမထင်ဘူး။
...
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?