[Unicode]
ရှောင်မန်ချူး အိမ်ပြန်ရောက်ပြီး သူ့အဆောင်တယ်ဘက် သွားတဲ့လမ်းကို ကြည့်လိုက်တော့
ပန်းခြံထဲမှာ တစ်ယောက်ထဲ ထိုင်နေတဲ့ ဇာတ်လိုက်ကိုတွေ့သွားတယ်။" လင်းကော ကျွန်တော် ယန်လင်းကောနဲ့ ခနစကားသွားပြောလိုက်ဦးမယ် ကောအဝေးမှာပဲနေခဲ့နော် "
" အင်း "
" ယန်လင်းကော အဲ့မှာ ဘာလုပ်နေတာလဲ? "
" ရှောင်ချူးလား လာလေ "
" ဟုတ် "
အပြုံးလေးတစ်ခုဆင်မြန်းပြီး ဇာတ်လိုက်ထိုင်နေတဲ့ ဘေးကနေရာလွတ်မှာဝင်ထိုင်လိုက်တယ်။
လင်းကောကတော့ လိုက် မလာပေမယ့် အဝေးကနေ အခြေအနေ စောင့်ကြည့်နေတယ်။
" ယန်လင်းကော ဒီမှာ တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ "
မန်ချူး ဇာတ်လိုက်ကို သေချာအကဲခတ်ပြီး ပြောလိုက်တယ်။
ဟုတ်တယ်လေ သူ့မှာ ရှောင်အိမ်တော်နဲ့ ပတ်သက်ပြီး လုပ်စရာ ကိစ မှမရှိတော့တာ ဘာလို့မပြန်သေးတာလဲ။
ပြီးတော့ ဇာတ်လိုက်က သူ့ရှေ့ကရေကန်ကြီးကို ငေးငေးကြီးကြည့်ပြီး ဆွေးနေတာဆိုတော့ သူ
မသင်ကာတော့ဘူး။" ကိုယ် ဘာမှမလုပ်ပါဘူး ဒီတိုင်း အင်း လေညှင်းခံနေတာ "
နေပူကြဲတဲကြီးမှာလေ?
" ရှောင်ချူးရော ဘယ်ကပြန်လာတာလဲ? "
" ကျွန်တော်က လင်းကောနဲ့ မြို့ပတ်ပြီး မုန့်လျောက်စားနေတာလေ "
ဇာတ်လိုက်ရဲ့ မျက်နှာက တစ်ချက်လင်းသွားပေမယ့် ခနပဲ ပြီးတော့ ပြန်ညှိုးသွားတယ်။
' ဘာလဲဟ '
" အော် ကောင်းတာပေါ့ "
" ဒါနဲ့ ယန်လင်းကော ကျွန်တော့်ကို ပြောစရာရှိဘူးလား? "
" ဘာပြောရမှာလဲ ကိုယ်က "
" ရင်ဖွင့်လေ "
" အမ်? "
" မဟုတ်ဘူးလေ ယန်လင်းကော အခုရင်ထဲမှာ ခံစားနေရတယ်မလား။ အဲ့တာ ကျွန်တော့်ကို ရင်ဖွင့်လေ ကျွန်တော်နားထောင်ပေးမယ် "
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?