[Unicode]
" ဒါနဲ့ ကျွန်တော့်ကိုဘာလို့ အတွင်းရေးမှူးလုပ်ခိုင်းတာလဲ "
" ကလေးကို ကိုယ့်အနားမှာ အမြဲရှိနေစေချင်လို့ "
" ဒါပေမယ့် ကျွန်ဝောာ့ mission အု "
ဟုအိုက်မင် သူစကားပြောနေတုန်း ရုတ်တရက်လာနမ်းတဲ့ သူချစ်သူကြောင့် ကြောင်သွာတယ်။
သတိရတဲ့အခါ ရုန်းမယ်ပြင်လိုက်ပေမယ့် သူ့ချစ်သူရဲ့လက်တစ်ဖက်က သူ့ခါးကိုဖက်ထားပြီး နောက်တစ်ဖက်က သူ့ခေါင်းကို အနောက်ကနေ ထိန်းထားတာကြောင့် လုံးဝလှုပ်မရပေ။
" အ့ "
သူ့ရဲ့အောက်နှုတ်ခမ်းတစ်စုံကိုကိုက်ခဲခံလိုက်ရတာကြောင့် နာလို့အသံထွက်သွားမိတဲ့အချိန်မှာ ဂွင်ချောင်းနေတဲ့ မြွေတစ်ကောင်လို ဟယ့်မင်ချန်းရဲ့ လျှာဗျားကသူ့ခံတွင်းထဲဝင်ေရာက်လာပြီး နေရာလပ်မကျန်အောင် လိုက်ထိတွေ့နေတယ်။
သူအသက်ရှူမဝတော့လို့ အတင်းရုန်းတဲ့အခါမှပဲဟယ့်မင်ချန်းကလွှတ်ပေးတော့တယ်။
" ကလေးအစား ကိုယ်ကလေးရဲ့ရဲအလုပ်ကနေ ထွက်စာတင်လိုက်ပြီ "
" ဘာ!!! "
အိုက်မင်မှာ အသက်တောင်ဝဝမရှူရသေးဘူး ကြားလိုက်ရတဲ့စကားကြောင့် အသက်တောင်ရှည်ချင်သွားတယ်။
ဟုတ်တယ်။ တစ်ကယ်ပဲ ထွက်စာတင်လိုက်မှတော့ သူဘယ်လိုလုပ် mission complete ဖြစ်အောင်လုပ်လို့ရတော့မှာလဲ?
" ဖြေးဖြေးအော်ပါ ကလေးကလည်း "
" အလုပ်ထွက်စာဘာလို့တင်လိုက်တာလဲ။ ကျွန်တော်က ရဲဖြစ်ချင်တာလေ "
" ကိုယ်ကလေးကို ကိုယ့်ရဲ့အနားမှာဘဲ နေစေချင်တယ်။ ပြီးတော့ ကလေးရဲဖြစ်ချင်တာလဲသိပါတယ်။ "
" .... "
သူဆွံ့အပြီး ဘာပြောရမလဲမသိတော့ပေ။" ပြီးတော့ ကိုယ်ကလေးအစား အလုပ်ထွက်စာတင်လိုက်တယ်ဆိုတာကလည်း ကလေးကို သင်တန်းတက်ခိုင်းမလို့ "
" ဘာသင်တန်းလဲ "
" ရဲအရာရှိဖြစ်ဖို့ အဆင့်မြင့်သင်တန်းတွေလေ "
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?