[Unicode]ဟယ့်မင်ချန်းက သူ့ကိုခွံ့ကျွေးလာတာကြောင့် သူစားဖို့ပါးစပ်ဟလိုက်ပေမယ့် ဟယ့်မင်ချန်းရဲ့လှုပ်ရှားမှုတွေအကုန်လုံးက အနောက်တစ်နေရာကိုကြည့်နေရင်း ရပ်သွားတာတယ်။
အဲ့ဒါကြောင့် ဟူအိုက်မင်လည်း အနောက်လှည့်ကြည့်လိုက်တော့ ....
" ပိုင်ရွဲ့ "
" အကိုပိုင်ရွဲ့ "
သူအနောက်လှည့်ကြည့်လိုက်တော့ တံခါးေပါက်မှာတွေ့လိုက်ရတာက အကိုပိုင်ရွဲ့။
ပြီးတော့ အကိုပိုင်ရွဲ့ရဲ့ဘေးနားမှာ မိန်းကလေးတစ်ယောက်လည်းပါတယ်။
" မင်ချန်! အိုက်မင်! "
" အကို ဘယ်တွေရောက်နေတာလဲ "
" အင်း အကိုအကုန်လုံးကို ရှင်းပြမယ် "
" ကလေး သူတို့ကို အရင်ထိုင်ပါစေဉီး "
At living room
...FLASHBACK....
ပိုင်ရွဲ့ ဟယ့်မင်ချန်းနဲ့အတူတူကားနောက်ခန်းမှာ ထိုင်နေရင်းနဲ့ တစ်ခုခုမှားယွင်းနေတယ်လို့ သတိထားလိုက်မိချိန်မှာ နောက်ကျသွားပြီ။
သူ့ခနာကိုယ်က လေပေါ်မှာမြောက်တက်သွားပြီး ခနနေတော့မှ မြေကြီးတစ်ခုပေါ် ဗုတ်ဆိုပြီး ကျလာတယ်။
ပိုင်ဟူ မျက်လုံးကို အတင်းကြိုးစားပြီး ဖွင့်ကြည့်ပေမယ့် ဖွင့်လို့မရပေ။
တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ခံထားရသလို နာကျင်နေပြီး လက်ချောင်းလေးတစ်ချောင်းတောင် လှုပ်လို့မရဘူး။
သူသတိမေ့မသွားခင်မှာ သူသိလိုက်ရတာက သူ့ကို တစ်စံုတစ်ခုကဆွဲခေါ်သွားတယ်ဆိုတာပဲ။
သူသတိပြန်ရလာတော့ ပတ်ဝန်းကျင်ကိုကြည့်ကြည့်လိုက်တော့ သူကအခန်းတစ်ခန်းရဲ့ ကုတင်ပေါ်မှာ။
ပြီးတော့ လက်မှာလည်း ဆေးပိုက်တွေနဲ့သွင်းထားတယ်။ သူရောက်နေတာ ဆေးရုံမဟုတ်တာတော့ သေချာတယ်။
ပြူတင်းပေါက်ကနေ ကြည့်ရသလောက် သူအခု သစ်တောထဲက အိမ်ထဲမှာရှိနေတာဖြစ်လောက်မယ်။
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?