[Unicode]
အားး ကူးပြောင်းတာတစ်ကယ်နာတာဟ
အရင်က fic တွေကချဲကားပြီး လျှောက်ရေးတာထင်ခဲ့ပေမဲ့
တစ်ကယ်ကိုယ်ကိုယ်တိုင်ကြုံလိုက်တော့ တစ်ခြား host တေွကိုတောင် စာနာမိသွားသလိုပဲ
' သောက် system သစ်ရွက် မို့လို့ အဲ့လောက်နာထးတာလား '
^ host ကလဲ ကူးပြောင်းတာပဲ အဲ့လောက်တော့ရှိမှာပေါ့ ^
' ဝောာ်ပြီ မင်းနဲ့မပြောတော့ဘူး မှတ်ဉာဏ် လွှဲပြောင်းေပးဦး '
^ ဟီး မေ့နေလို့ အခုလွှဲလိုက်ပြီ ^
တိန် ဆိုပြီး ဝင်ရောက်လာတဲ့ မူလခနာကိုယ် ပိုင်ရှင် မင်းဝန်းရံ ရဲ့အကြောင်းတွေနဲ့ ဇာတ်ကြောင်းက ခေါင်းထဲအစီအရီ ဝင်ရောက်လာတယ်။
အား မူးလိုက်တာသေမှာပဲ
ဒါပေမဲ့လဲ အချိန်မှမရပဲ မြန်မြန်ပဲ ဒီကမာရဲ့အချက်အလက်တွေကိုကြည့်လိုက်တယ်
ဒီကမာရဲ့ အဓိကဇာတ်လိုက်က မိုးမာန်တဲ့
လူတိုင်းဖိန့်ဖိန့်တုတ်အောင်ကြောက်ရတဲ့
ရေခဲတုံးဖင်ခုထိုင်ထားသလားတောင် မှတ်ရလောက်တဲ့ လူ့ကျောက်တုန်း
မာန် company ပိုင်ရှင်။ မာန် ဆိုတာနဲ့ကလေးကအစခွေးအဆုံး မသိတဲ့သူမရှိဘူး။ ပြည်တွင်းမှာသာမက ပြည်ပမှာလဲ MARN COMPANY ဆိုပြီးကျော်ကြားတယ်။
ဇာတ်လိုက်မက April ဝန်းရံ သူအခုဝင်ထားတဲ့ မင်းဝန်းရံရဲ့ ဖအေတူမအေကွဲအမပေါ့။ ကြာပန်းဖြူရောင်ဆောင်ထားပြီး ပုပ်နေတာ။
ဒုတိယ ဇာတ်လိုက် ကတော့ ဒီပမောင် ဇာတ်လိုက်မကြိုးဆွဲရာကမဲ့ ဇာတ်ရုပ်လေးသာသာ။
သူက ဒီပလုပ်ငန်းစုရဲ့ CEO ။ မာန်နဲ့သိတယ်။ သိတယ်ဆိုရုံလေးပါ။ဇာတ်လိုက်မနဲ့ ဒုတိယဇာတ်လိုက်တို့က သူငယ်ချင်းတွေ ငယ်ငယ်ကတည်းက။ ဇာတ်လိုက်မက သူ့ကိုပေါင်းတာ သူကချမ်းသာလို့လေ။
ဇာတ်လိုက်မက ဒုဇတ်လိုက်ကို မင်းဝန်းရံက သူ့ကိုဘယ်လိုနှိတ်ဆက်ကြောင်း အမြဲမတူမတန်ပြောဆိုကြောင် ဒုဇာတ်လိုက်ကိုအမြဲပြောတော့ ဒုဇာတ်လိုက်က မင်းဝန်းရံကို ဘုမသိဘမသိနဲ့ အသေအကြေမုန်းတာ
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?