Arc 3.2 ဟူအိုက်မင်

8.4K 808 81
                                    

[Unicode]

ဟူအိုက်မင် ငိုမဲ့မဲ့မျက်နှာနဲ့ပဲ ကုတင်ပေါ်ကထလာပြီးတော့ ရေချိုးခန်းထဲဝင်လာလိုက်တယ်။

' ဇာတ်လိုက်က ကြွေလဲကြွေချင်စရာပဲလေ။ ငါ‌ေလးကချောတာကို '

^ Host ကချောတာ မဟုတ်ပါဘူး။ Host ဝင်ထားတဲ့ ဟူအိုက်မင်ကချောတာပါ။ ^

' ဘယ်လိုပဲဖြစ်ဖြစ် အခုငါက ဟူအိုက်မင်ပဲဟာကို '

^ မပြောတော့ဘူး ^

' မပြောနဲ့။ အားရန့်လေး ဒါနဲ့ ရုပ်ရည်အဆင့်မြင့်တင်ပေးပါဦး '

^ ဟွန့်!  ရုပ်ရည်အဆင့်မြင့်တင်ခြင်း 5 4 3 2 1 .... ^

လုပ်ဆောင်မှုပြီးသွားတာနဲ့ အိုက်မင်ရဲ့ခနာကိုယ်တစ်ခုလုံး ပေါ့ပါးပြီး လန်းဆန်းသွားတယ်။

' Ok ပြီ။ ဆံပင်လေး နဲနဲညှပ်ပြီးရင် ရေချိုးမယ် '

. . . . .

^ Host အခုသွားမှာ Nightmare ကိုသူလျိုအဖ့စ် တာဝန်သွားထမ်း‌‌ေဆာင်မှာနော် ^

' အေးလေ ဘာဖြစ်နေလို့လဲ '

^ မဟုတ်ပါဘူး။ Host ဝတ်ထားတာ မင်းသားရှုံးတယ်။ ရှုတင်သွားမှာက‌ျနေတာပဲ ^

' ဒါကပုံမှန်ပါပဲ အားရန့်ကလည်း! '

^ မပြောတော့ဘူး။ မပြောတော့ဘူး။ ကျွန်တော် တစ်ကယ်မပြောတော့ဘူး ^

' ခုနကလည်း မပြောတော့ဘူး ပြောတာပဲ '

^ .... ^

စိတ်ဆိုးသွားပြီထင်တယ်။

. . . . . .

'' ဟူအိုက်မင် ရောက်လာပြီလား ''

" ဟုတ်ကဲ့ "

ဟူအိုက်မင် အခုနန်းတော်တစ်မျှ ကြီးမားပြီးလှပလှတဲ့ စံအိမ်ကြီးရဲ့ တံခါးပေါက်ကိုရောက်နေတာ။

" မင်း ငါနဲ့လိုက်ခဲ့ "

" ဟုတ် "

သူ့ကိုခေါ်တဲ့ လူက သန့်သန့်ပြန့်ပြန့်နဲ့ ဥပဓိရုပ်လည်းကောင်းတယ်။ အရပ်လည်းရှည်တယ်။ 5 ပေ 11 လောက်ရှိတယ်။

" ထိုင်ဦး "

ဟိုလူက သူ့ကို ဧည့်ခန်းထဲက ဆိုဖာတစ်ခုပေါ်မှာ ထိုင်ခိုင်းတယ်။

My man ( System Own Creation )Where stories live. Discover now