[Unicode]^ ပြန်လည်ကြိုဆိုပါတယ် Host ^
' အင်း '
^ နားအုံးမလား ^
' တော်ပြီ အမှတ်ပဲတွက်ပေးတော့ '
^ mission ကိုအောင်မြင်တဲ့အတွက် points - 7000
Additional mission points - 2500
Minus points - 350
မူလ points - 2500
စုစုပေါင်း points - 11650 ပါ Host ^' မင်းဟာက ရှုပ်ေနတာပဲ '
^ ရှုပ်သွားရင် နောက်တစ်ခါ ပြန်ရှင်းပေးမယ်လေ ဟဲဟဲ ^
' မင်းသာ စာသင်စားရင် ကလေးတွေ စာမေးပွဲကိမှာပဲ '
^ Host ကလည်း ကျွန်တော့်ကိုဆို ဖဲ့ဖို့ချည်းပဲ ^
' မင်းက ဖဲ့ချင်စရာကောင်းနေတာကို '
^ ဂါးးး Host !!!! @+)$_!+$)$?#+ ^
' ဟဟ ထားလိုက်ပါ။ မင်းက fa လေးဆိုတော့ ငါကပဲ သဘောထားကြီးပြီးခွင့်လွှတ်ပေးလိုက်မယ်။ ကျန်တဲ့ဟာတွေဆက်ပြောဦး '
^ တတ်မြောက်သည့် ပညာ - အတိုက်အခိုက်
သိုလှောင်ရုံ - ကိတ်မုန့်တစ်ခု ၊ ဓားရှည်တစ်လက် ^
' ဓားရှည်က သူတို့ ဒီတစ်ခေါက် လက်ဆောင်ပေးတာလား? '
^ ဟုတ်တယ် Host ။ အဲ့ဓားက နယ်နယ်ရရ မဟုတ်ဘူးနော်။ အရမ်းလှတာ။ အရမ်းလည်းတန်ဖိုးကြီးတယ်။ ^
' တန်ဖိုးကြီးရင် ဘာလို့ ငါ့ကိုပေးသေးလဲ? '
^ အဲ့တာ Host ရဲ့ ရဲ့ အိုက်စ် ဘာမှမဟုတ်တော့ဘူး ^
' ဘာလဲ? ဆက်ပြောလေ '
^ ကျွန်တော်လည်း မသိဘူး ^
( A/N : လမင်းလည်း မသိဘူး။ ပုကျိသောက် )' ထားပါ။ ဒါနဲ့ ငါထည့်ထားခိုင်းတဲ့ မုန့်တွေရော? '
^ အဲ့ဒါတွေသာ ဖော်ပြနေရင် တစ်နှစ်သာကုန်သွားမယ် မပြီးနိုင်လောက်ဘူး။ ပြီးတော့ ဧကရာဇ်အပြုံးဆိုလား ဘာဆိုလားပဲ အဲ့အရက်တွေလည်း ဗုံးလိုက် ပါသေးတယ်လေ ^
' ဟိုးထား ဟိုးထား တော်ပြီ မပြောနဲ့တော့ ရပြီ '
^ ဟွန့် ဒါနဲ့ HD ယူတော့မလား? ^
' အွန်း ခနနားရင်းနဲ့ အတူတူကြည့်မယ်လေ။ ပေါက်ပေါက်စုပ်တို့ဘာတို့နဲ့ '
YOU ARE READING
My man ( System Own Creation )
General Fiction🚨🚨WARNING🚨🚨 Be my man and stay with me forever. Own creation ( not translation ) Both Unicode and Zawgyi Start date - September 6,2020 End date - ?