Arc 2.2 ရှောင်မန်ချူး

11.3K 987 45
                                    

[Unicode]

' ဝါး အားရန့် ငါတစ်ကယ်ချောတာပဲ '

' မိန်းကလေးရှုံးတယ် '

' ငါသာမဟုတ်ရင် ကြိုက် မိတယ် '

ဟုတ်ကဲ့ ပရိသတ်ကြီးတို့ အခုကြားနေရတာကတော့

မန်ချူးအခု ရေချိုးပြီးတော့ မှန်ရှေ့မှာထိုင်ပြီး ကိုယ့်ရုပ်ကိုယ် ချီးမွန်းခန်းဖွင့်နေခြင်းပဲဖြစ်ပါတယ်။

သူ့အလှကိုအပြည့်အဝ သူစိတ်တိုင်းကျချီးကျူးပြီးမှ ကုတင်ပေါ်သွားပြီး အိပ်စက်လိုက်တယ်။

မနက်ရောက်တော့ ...

^ Host ထတော့ ထတော့ဆို ^

' အင်း '

^ Host !!!! ^
( လော်စပီကာဖြင့် အော်သံ )

' ထပြီဆို ၅မိနစ် '

^ Host ထတော့‌ နောက်ကျနေပြီဆို တစ်ကယ်ပဲ ကာလနဂါးများ သေလို့ဝင်စားသလားအောက်မေ့တယ် ^

' အခုဘယ်အချိန်မို့လို့လ‌ဲ? '

^ မနက် ၇နာရီခွဲနေပြီ ^

' အစောကြီးရှိသေးတယ် အားရန့်ရာ ရှူး သွား သွား ^

^ Host အားရန့်ကို ခွေးများမှတ်နေလား နှင်ထုတ်နေတယ် ^

' အေးပါ '

^ ထတော့ ပုံမှန်ဆို မန်ချူးကဒီအချိန်ဆို မနက်စာစားနေပြီ ^

' အာ့ဆို ဘာလို့ အစောကြီးကတည်းကမနှိုးလဲ '

^ Host ကိုကျွန်တော်နှိုးနေတာ မနက်၆နာရီကတည်းကသိလား။ သူကဖြင့် မထပဲ ကုလားသေ ကုလားမောအိပ်နေပြီးတော့များ ^

' အေးပါ တော်ပြီ ထပြီ နာညီးတယ် အဖိုးကြီးပေါက်စကျနေတာပဲ ပွစိပွစိ‌နဲ့ '

. . .

ဒေါက် ဒေါက် ဒေါက်

" ဘယ်သူလဲ "

" ‌ကျွန်တော်ပါ သခင်လေး "

" လင်းကောလား? ဝင်ခဲ့လေ "

" ဝင်လာပြီနော် "

" အင်း "

' အားရန့် သူချောသားပဲ '

^ ဟုတ်တယ် host သူသာ ရုပ်နဲနဲလေးချိုရင် ဇာတ်လိုက်ကို အသာလေးကျော်တယ် ^

My man ( System Own Creation )Where stories live. Discover now