Arc 2.7 ရှောင်မန်ချူး

10.1K 894 42
                                    


[Unicode]



သမားတော်တွေ အကုန် အခုထိ မနိုးလာသေးတဲ့ ဒုသခင်လေးကြောင့် ချွေးသီးတွေ ဘူးသီးလုံး‌ေလာက် ကျနေပြီ။  မြန်မြန်နိုးလာပါတော့ သခင်လေးရယ် ကျွန်တော်တို့ အသက်မသေချင်သေးဘူး။

အဲ့ထက်သူတို့ရဲ့ ပတ်ဝန်းကျင်က ချန်ဧကရာဇ္ဆီက ထုတ်လွှတ်တဲ့ သေစေနိုင်‌ေလာက်တဲ့ အငွေ့အသက်တွေကြောင့့် သမားတော်တွေ တစ်ယောက်မှ ဒူးတောင်မခိုင်တော့ဘူး။

" တစ်ညလုံး စပ်သပ်နေတာ အခု မနက်ပိုင်းတောင်ရောက်ပြီ ဘာအဆိပ်လဲ ဆိုတာ မဖော်ထုတ်နိုင်သေးဘူးလား ဟမ် "

အခုပြောနေတာက ချန်ဇီရှင်းပါ။ ရှောင်သခင်ကြီးတောင်မှ သူ့သားမတ်ရဲ့ ဒေါသကိုသိတာကြောင့် ဘာမှဝင်မပြောပေမယ့် သမားတော်တွေအတွက် အမွှေးတိုင် နှစ်ချောင်းထွန်းပေးထားလိုက်တယ်။

သမားတော်တွေ အကုန်လုံး ဒူးထောက်ထားပြီး ခေါင်းလုံးဝမဖော်ဝင့်ကြဘူး။

" ပြီးတော့ သမားတော်တွေက တစ်ယောက်တည်းလဲ မဟုတ်ဘူး အယောက် ၅၀ တောင်။ ဒါတောင် ဘာမှ မဖော်ထုတ်နိုင်ဘူး ဟုတ်လား? "

" ဟုတ် ဟုတ်ပါတယ် အရှင် "
သမားတော်တွေ အကုန်လုံး တုန်တုန်ရီရီနဲ့ ပြန်ဖြေကြတယ်။

" လူကြီး "

" ကလေး ကလေး နိုးပြီလား "

ချက်ချင်းပြောင်းလဲသွားတဲ့ ချန်ဇကရာဇ်ကိုကြည့့်ရင်း သမားတော်တွေ မျက်လုံးပြူးမိသွားတယ်။

" အင်း "

" ဘယ်နားနာနေသေးလဲ။ သက်သာ "

" အဟွတ် အဟွတ် "
ဆိုပြီး ကလေးဆီကနေ သွေးတွေ အန်ထွက်လာတာကြောင့်

" သမားတော် တစ်ယောက် မြန်မြန်လာစမ်း "

သမားတော် : " ဟုတ် ဟုတ်ကဲ့ပါ အရှင် "

" အဟွတ် ကျွန် ကျွန်တော် အဆင်ပြေတယ်။ "

" ရှူး ကလေး စကားမပြောနဲ့ဦး။ ခနနားနေဦး။ "

" ဟုတ် "

သမားတော် : ရှောင်သခင်လေး ရဲ့ခနာကိုယ်က အကုန်ကောင်းပါတယ်။ ပုံမှန်ဆို သခင်လေး မိတ‌ဲ့အဆိပ်က အရမ်းပြင်းပြီး သောက်ပြီးပြီးချင်းသေ‌ေစနိုင်ပေမယ့် သခင်လေးရဲ့ ကိုယ်ခံအားက ကောင်းမွန်တာကြောင့် ခနတာ မေ့လဲသွားပြီး နိုးလာတော့မှ အဆိပ်အတောက်တွေကို သွေးပုပ်တွေအဖြစ် အန်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် မစိုးရိမ်ပါနဲ့။

My man ( System Own Creation )Where stories live. Discover now