[UNICODE]
"ရေခဲမုန့်စားချင်လိုက်တာ။ "
အခန်းတံခါးကို ဖွင့်ရင်း စောယွန်းက တီးတိုးပြောသည်။
"ဘာ စားချင်တာ? "
"အယ် ကြားတယ်လား။"
"အင်း။ "
စောယွန်းက လက်ကာပြသည်။
"ဘာမှမဟုတ်ပါဘူး ။"
မိုးစက်များက မရပ်မနားကျလာပြီး
လေကလည်း ကူနေသဖြင့် သုန္ဓက အခန်းပြတင်းပေါက်များကို ပိတ်လိုက်သည်။
စောယွန်းက ကုတင်ပေါ်တွင် လှဲချလိုက်၊ ထထိုင်လိုက်နှင့် ၃ ကြိမ်ခန့်လုပ်နေရာ သုန္ဓက မေးသည်။"ဘာဖြစ်လို့လဲ ပီအိုက် ?"
စောယွန်းက ပြန်ထထိုင်လိုက်ပြီး သုန္ဓကို ကြည့်သည်။
"ကျောင်းတော်ဝင်းက လုံခြုံရေးတင်းကြပ်ပြီး အစေခံတွေကလည်း ယုံကြည်ရတဲ့လူတွေချည်းပဲ။ ဒါကို ဘယ်က သူခိုးက-- ဘယ်ကနေဝင်ပြီး ဘယ်လိုခိုးနေသလဲလို့။ "
သုန္ဓက စောယွန်း၏ ဘေးနားတွင် ထိုင်လိုက်သည်။ စောယွန်းက သုန္ဓအနီးသို့ တိုးကပ်၍
ထိုင်ပြီး လေသံတိုးတိုးနှင့် ပြောသည်။"တကယ်စဉ်းစားစရာအများကြီးပေးတဲ့ သူခိုးပဲ။ ပထမတစ်ချက်က သူခိုးက ပစ္စည်းမရွေးပဲ
ခိုးတယ်၊ ဒုတိယတစ်ချက်က တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုတာထက် သာမန်ပစ္စည်းတွေလည်း
ခိုးတယ်။ ခိုးရာပါပစ္စည်းကို ရောင်းစားချင်လို့ မဟုတ်နိုင်တော့ဘူး။ ဒါဆိုရင် သူ့အတွက်
ဘာအကျိုးရှိလို့ ခိုးတာဖြစ်မလဲ ?"သုန္ဓက လက်များကို ကုတင်ပေါ်တွင်
ထောက်လျက် ခြေထောက်ချိတ်ထိုင်နေသည်။"အကျိုးမရှိရင် ခိုးစရာ အကြောင်းလည်းမရှိဘူးပေါ့။ ဒါဆိုရင် တန်ဖိုးနည်းတဲ့ ပစ္စည်းခိုးလို့
ဘာများအကျိုးအမြတ်ရမလဲ ပီအိုက် ? မဟုတ်မှ လွဲရော ကျောင်းသားတွေ စိတ်ညစ်ပြီး စာမေးပွဲကျအောင်လုပ်တာများလား ? ""မဖြစ်နိုင်ဘူး နောင့်စိုင်း၊ ဒီလို နိမ့်ကျတဲ့လူတော့ ပီအိုက်တို့ ကျောင်းသားတွေထဲမှာ ဒီလိုလူမရှိဘူး။ ခုနက ကျောင်းသားတွေကိုကြည့်တဲ့ပုံအရ အကုန်လုံးက သူခိုးကို ဖမ်းချင်နေကြတာချည်းပါပဲ။ "