အခန်း ၂ (Z + U)

11.2K 961 6
                                    

[UNICODE]

မှိုင်းအုံ့နေသည့် ကောင်းကင်က တိမ်များကင်းစင်လာသည့်အချိန်၌ နေရောင်က ခြံဝင်းတစ်ခုအတွင်းသို့ ပြန်ကျလာသည်။

ကျယ်ဝန်းသည့် ခြံဝင်းအတွင်းရှိ သစ်ပင်များနှင့် ပန်းပင်ကြီးအချို့က လက်သမားဆရာများ လက်ရာမြောက်စွာ ဆောက်လုပ်ထားသော သစ်သားအိမ်ကြီးကို မဖုံးကွယ်ထားနိုင်ကြပေ။ အိမ်၏ သစ်သားပန်းဆွဲများက အနုစိတ်လှပြီး အဝေးမှကြည့်လျှင်ပင် ခမ်းနားလှပနေသည်။ အိမ်ဆောင်သို့တက်သည့် လှေကား၏ တစ်ဖက်တစ်ချက်မှ ကျွန်းတိုင်လုံးများပေါ်တွင် ထူးဆန်းလှသော ကိန္နရီ ကိန္နရာများ ကနေဟန်ကို အချိုးအဆစ်ပြေပြစ်စွာ ထွင်းထားသည်။

အိမ်နှင့် ခြံဝင်းကို ကြည့်လျှင်ပင် သာမန် လူတစ်ယောက် သို့မဟုတ် မိသားစု၏ အိမ်မဟုတ်ကြောင်း အတတ်သိနိုင်သည်။

အိမ်ခြံဝင်းအတွင်း၌မူ သာယာလှပသည့် အိမ်ခြံဝင်းနှင့် ဆန့်ကျင်၍ ပူပင်သောကရောက်နေသော မျက်နှာအမူအရာများနှင့် လူများက စိတ်လှုပ်ရှားနေကြဟန်ရှိပြီးဟိုဟိုဒီဒီသွားလာနေကြသည်။ 

အိမ်ဆောင်၏ အတွင်းခန်းတစ်ခန်းထဲတွင်လည်း မျက်နှာအမူအရာပျက်နေသော လူအချို့ရှိနေသည်။ ထိုလူများအကြားမှ ခေါင်းပေါင်းနှင့် အသက် ၅၀ ခန့် အမျိုးသားကြီးတစ်ဦးက အိပ်ယာပေါ်တွင် လှဲလျောင်းနေသော လူငယ်လေးတစ်ယောက်၏ လက်ကို ကိုင်လျက် သွေးကြော၊ လေကြောများကို အဖန်ဖန်အခါခါ စမ်းနေသည်။ 

ထိုလူကား သမားတော်တစ်ယောက်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းပြစရာ လိုမည်မထင်ပေ။ ခဏအကြာတွင် ထိုသမားတော်က သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ကုတင်အနီးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသား နှင့် အမျိုးသမီးနှစ်ဦးရှိနေပြီး ကုတင်ပေါ်မှ လူငယ်လေးကို တစ်လှည့် သမားတော်အားတစ်လှည့် ကြည့်နေကြသည်။ သမားတော်ကား ခေါင်းကို ဘယ်ညာ ခပ်ဖြေးဖြေးခါယမ်းရင်း ဆိုသည်။

"ကျွန်ုပ် အဖန်ဖန်စစ်ဆေးပြီးပါပြီ။ သူဌေးမင်းရဲ့ သားက ကွယ်လွန်အနိစ္စရောက်ပြီပ။"

ဟေမန္တအလွန်Where stories live. Discover now