[UNICODE]
နံနက်စောစောတွင် နေရောင်ချည်နုနုတို့ကား
နွေးထွေးမှုကို ပေးနေသကဲ့သို့ ကျေးငှက်တို့သည်လည်း ဟိုဟိုဒီဒီ ပျံသန်းကာ တွန်ကျူးသံများဖြင့် နံနက်ခင်း၏ အလှကိုတန်ဆာဆင်နေကြသည်။စောယွန်းက အိမ်ထဲမှ ထွက်လာကာ လက်ထဲတွင် ဆန်တစ်ဆုပ်ကို ယူလာပြီး ခြံထဲတွင် ကျဲချသည်။ ဤသည်ကား မနက်နိုးသည်နှင့်
စောယွန်း၏ နေစဥ်ပြုနေကြအလုပ်တစ်ခုလည်း ဖြစ်သည်။သည်နေ့တော့ ကျောင်းပိတ်ရက်ဖြစ်သည်မို့
နှစ်ယောက်စလုံး အိမ်တွင်အနားရကြသည်။"ပီအိုက်! "
သုန္ဓက အနောက်မှ လျှောက်လာပြီး စောယွန်းကိုယ်ကို ဖက်လိုက်သည်။
"ပြော --- နောင့်စိုင်း "
စောယွန်းက ဆန်စေ့များကို စားနေသော ငှက်ကလေးများကို ကြည့်နေရင်း ပြန်ဖြေသည်။
"ဒီနေ့တော့ စျေးသွားကြရအောင်။ "
သုန္ဓက အနောက်မှ နေ၍ စောယွန်း၏ ပခုံးပေါ် မေးစေ့ တင်လိုက်သည်။
"သွားကြမယ်လေ ။"
"ဒီနေ့တော့ ပီအိုက် တနေကုန် ကျွန်တော့်ကို အချိန်ပေးရမယ်နော်။ "
"ဟုတ်ပါပြီ ။"
စောယွန်းက သုန္ဓ၏ ပါးကို နမ်းလိုက်ကာ ဖြေသည်။
ထို့နောက် အိမ်ထဲ ပြန်ဝင်သွားပြီး အဝတ်လဲဖယ်ရန်ပြင်သည်။ သုန္ဓက နောက်မှ လိုက်သွားပြီး ဘေးတွင်ရပ်နေကာ စကားဆက်ပြောသည်။
"ပီအိုက် ဘာစားချင်လဲ? စားချင်တာရှိရင် ကျွန်တော် လုပ်ကျွေးမယ် ။"
စောယွန်းက အင်္ကျီကြယ်သီးတပ်နေရာမှ လက်က ရပ်သွားကာ သုန္ဓ ဘက်ကို လှည့်ကြည့်သည်။
သူက မနေ့ကတင်စားခဲ့သည့် ပဲပြားစတူးမဟုတ်သည့် ပဲပြားတူးဟင်းကို သတိရမိပြီး ခေါင်းခါလိုက်သည်။
"ဝယ်စားရင်စား မစားချင်ရင် ကျွန်တော်မျိုးချက်ပါ့မယ်။ အရှင့်သားက မချက်ပါနဲ့။"
သုန္ဓက မျက်လုံးပေကလပ်ပေကလပ်နှင့်ဆိုသည်။
"ဒါပေမယ့် ပီအိုက် အကုန်စားခဲ့တာပဲလေ။"