အခန်း ၁၃ (Z + U)

5K 607 14
                                    

[UNICODE]

ဖုန်မှုန့်များက ပတ်ဝန်းကျင်အနှံ့ တထောင်းထောင်းထနေပြီး မြင်ကွင်းကိုပင်
ဝေဝါးစေသည်။ မာန်ပါပါ ညာသံပေးကြရင်း သံမဏိတို့ အချင်းချင်းထိသည့်အသံများကလည်း နားထဲသို့ ခပ်စူးစူးပင် ၀င်ရောက်လာသည်။။ အလှမ်းဝေးကွာပါက မသဲမကွဲ မြင်နေရပြီး အနားရောက်မှသာ ရန်သူကို တွေ့ရခြင်းကလည်း အတော် ဆိုးရွားလှသည်။ သို့သော်
မည်သည့်ဘက်ကမှ အားမလျှော့ပဲ တစ်ဖက်နှင့်တစ်ဖက်က ရှိသမျှ အင်းအားကုန်သုံးကာ တိုက်ခိုက်နေကြဆဲပင်။ 

"တပ်ပြန်ဆုတ်! "

မာန်ပါကာ သြဇာကြီးမားလှသည့် စစ်သူကြီး၏ အမိန့်ကိုကြားရသည်နှင့် တပ်သားတို့သည်လည်း ချက်ချင်းပင် လိုက်နာကြသည်။ ဤသည်မှာ
ဟံသာဝတီ တိုက်ပွဲပင်ဖြစ်သည်။ 

"ကင်းတပ်သားတွေကို ထပ်တိုးထား-- 
တပ်သားတွေလည်း ပင်ပန်းပြီမို့ တစ်ညတော့ အနားယူကြမယ် ၊ ဒါပေမယ့် ရန်သူဘက်က အချိန်မရွေး တိုက်ခိုက်နိုင်တာမို့ သတိဝရိယတော့ရှိပါစေ။ "

" အမိန့်အတိုင်းပါ စစ်သူကြီးမင်း!"

တပ်သားတစ်ဦးက အမိန့်အတိုင်း လုပ်ဆောင်ရန် တဲစခန်းအတွင်းမှ ထွက်သွားသည်။ တပ်စွဲထားရာ စခန်းအတွင်းတွင် ဟန်စစ်မင်းက စစ်ဗျူဟာကို ပြောင်းရန်တွေးနေမိသည်။ ခေတ်ကာလအရ မိမိတို့တပ်မှာ ဓားလှံကိုသာ အသုံးပြုသော်လည်း တဖက်မှာ တိုင်းတစ်ပါးလက်နက်အချို့ကို ထည့်သွင်းအသုံးပြုရာ မိမိ တပ်သားအချို့တစ်ဝက် ကျဆုံးကုန်ပြီဖြစ်သည်။ ထို့ကြောင့် ဉာဏ်ကူမှသာ ဒီတိုက်ပွဲက အောင်နိုင်တော့မည်။ အတတ်နိုင်ဆုံး မိမိတပ်၏ ထိခိုက်မှုကို လျှော့ချရန်က အရေးကြီးပြန်သည်။ အချိန်ကာလအနေဖြင့်လည်း နှစ်လခန့်ကြာမြင့်နေရာ ဟန်စစ်မင်း
အနေဖြင့် ဤအနေအထားကို အမြန်အဆုံးသတ်ချင်ပြီ ဖြစ်သည်။

"စစ်သူကြီး အမိန့် ! အားလုံး တပ်ကြောင်းကို သိမ်းပြီး နောက်ပြန်ဆုတ်! "

ချက်ချင်း တပ်စွဲထားရာ တဲများကိုပါ သိမ်းကာ စစ်ကြောင်းကြီးမှာ ကတိုက်ကရိုက်ဖြင့် လာရာလမ်းသို့ လှည့်ပြန်ရန်ပြင်ကြသည်။ 

ဟေမန္တအလွန်Where stories live. Discover now