အခန်း ၁၄ (Z + U)

6.7K 702 14
                                        

[UNICODE]

စောယွန်းက သူတို့ဆီသို့ လျှောက်လာနေသော သုန္ဓကို လှမ်းကြည့်သည်။ ဟန်စစ်မင်းက သုန္ဓကို အရိုအသေပြုကာ နှုတ်ဆက်သည်။

"ကျန်းခံသာ၍ မာပါစ အရှင့်သား သုန္ဓ။"

စောယွန်းက နောင့်စိုင်းဟူသည့် အသုံးအနှုန်းကို ရုတ်တရက် မသုံးရဲပဲ ဖြစ်နေသည်။ သုန္ဓ၏ မျက်နှာထားက တည်ကြည်နေသည့်မျက်နှာအမူအရာဖြစ်သော်ငြား သာမန်ထက်ပို၍ ခက်ထန်တင်းမာနေသည်ဟု စောယွန်းက
ခံစားမိသည်။

သုန္ဓက ခေါင်းညိတ်ပြပြီး ပြန်လည်နှုတ်ဆက်သည်။

"ကျွန်ုပ်က ကျန်းမာပါတယ်၊ ဒက္ခိဏစစ်သူကြီးမင်းက ဟံသာဝတီကို အနိုင်ရခဲ့တဲ့အတွက်လည်း ဂုဏ်ပြုပါရစေ။"

ဟန်စစ်မင်းက ဂုဏ်ပြုခြင်းကို လက်ခံသည့်အနေဖြင့် ဦးညွှတ်လိုက်သည်။

"အရှင့်သားလည်း ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာကို ဂုဏ်ပြုပါတယ်။"

ထို့နောက် ဟန်စစ်မင်းက စောယွန်းဘက်သို့ လှည့်ကာ ပြုံးသည်။

"စောယွန်းက တကယ်ပဲ မြားပစ်ကျွမ်းကျင်တာပဲ၊ ကျွန်ုပ်ဖြင့် အတော်လေး အံ့သြမှင်သက်မိရပါတယ်။"

စောယွန်းက သုန္ဓအား လက်ဖြင့် တရိုတသေညွှန်ပြပြီးဆိုသည်။

"ဟောဒီက အရှင့်သား သုန္ဓက သင်ကြား
ပြသပေးခဲ့လို့ပါ။"

စောယွန်း၏ စကားဆုံးလျှင်ဆုံးခြင်း သုန္ဓ၏ လက်များက စောယွန်း၏ ပုခုံးထက်သို့ ရောက်လာသည်။

"ပီအိုက်ကိုက ထူးချွန်တာပါ။ နောင့်စိုင်းက
ဘာမှတောင် သေသေချာချာမသင်ပေးခဲ့
ရပါဘူး။"

သုန္ဓက စောယွန်းအား ပြုံးပြသည်။ စောယွန်းက အနေရခက်စွာ ပြုံးပြသည်။ သည်ကောင်လေး၏ စိတ်ကို သူခန့်မှန်း၍ ရသည်။ ဟန်စစ်မင်းက တရင်းတနှီးဆက်ဆံနေသဖြင့် သူကလည်း ထိုသို့ ဆက်ဆံနေခြင်းဖြစ်သည်။ သို့သော် စောယွန်းအဖို့ကား သာမန်အချိန်များတွင် သုန္ဓ၏
သရုပ်မှန်ကို လျစ်လျူရှုထားသဖြင့် အနေရခက်ခြင်းမရှိ၊ ယခုအချိန်တွင် ဟန်စစ်မင်းက ရှိနေသဖြင့် သုန္ဓက မင်းသားတစ်ပါးဖြစ်နေသည့်အချက်ကား စောယွန်း၏ ဦးနှောက်ထဲတွင်
ထင်ထင်ရှားရှားပေါ်နေသည်။                                               
ရုတ်တရက် လေအေးများက ဝေ့ဝဲလာသဖြင့် စောယွန်းက ဝင်ပြောသည်။

ဟေမန္တအလွန်Where stories live. Discover now