[UNICODE]
ဆောင်းဥတုကား လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နွေရာသီက အင်းဝပြည်သို့ တစ်ဖန်အလည်အပတ်ရောက်လာပြန်သည်။ အပင်များတွင် အရွက်သစ် အဖူးသစ်များနှင့် စိမ်းဖန့်နေပြီး ကောင်းကင်က ကြည်လင်နေသည်။ ပန်းပွင့်များသည်လည်း အပြိုင်အဆိုင် ဖူးပွင့်ရန် အားယူနေကြပြီး အရာအားလုံးက သစ်လွင်လန်းဆန်းနေသည်။
ဟန်စစ်မင်းက ခြံထဲမှ ပန်းပင်များကို ရေလောင်းနေသည့် ဗညားကို အနောက်မှ ကြည့်နေသည်။
ဗညားက ရုတ်တရက် အနောက်လှည့်လိုက်သည့်အချိန်တွင် ပန်းပင်၏ ရိုးတံရှည်တစ်ခုက ဟန်စစ်မင်းထံသို့ ပျံလာပြီး ဟန်စစ်မင်းက လက်ချောင်းသုံးချောင်းဖြင့် ဖမ်းလိုက်သည်။ဗညားက မေးငေါ့ပြလိုက်ပြီး ဆိုသည်။
"ပို မြန်လာပြီ။"
ဟန်စစ်မင်းက ပြုံးလျက် ညင်သာစွာ ခေါင်းခါပြီးနောက် ဗညားအနီးသို့ လျှောက်လာသည်။
"ပန်းတွေက တပြိုင်တည်း ပွင့်နေကြတာပဲ ၊ ဥယျာဉ်မှုးကောင်းရဲ့ လက်ထဲမှာ ကြီးပြင်းလာရလို့ ထင်ပ။"
ဗညားက လက်ချောင်းတစ်ချောင်းချင်းစီ
ချိုးကာ ဆိုသည်။"ဒါပေါ့။ ကျွန်ုပ် အထိန်းသိမ်းတော်လို့ပဲ ပန်းပင်တွေက အခုအချိန်အထိ အသက်ရှင်နေတာ။"
ဟန်စစ်မင်းက ပန်းပင်များကို ကြည့်ကာ အတန်ကြာတွေးနေသဖြင့် ဗညားက လက်သုတ်ပုဝါဖြင့် လက်ကို သုတ်နေရင်း မေးသည်။
" စောယွန်းကို သတိရမိလို့လား ?"
ဟန်စစ်မင်းက မျက်ခုံးများကို ပင့်လျက် ဆိုသည်။
ကျွန်ုပ်က အဲဒီလောက်တောင် အကဲခတ်ရလွယ်သလား "
ဗညားက ပြုံးသည်။
ဒီပန်းပင်တွေကို စောယွန်းက လွန်ခဲ့တဲ့ ၅နှစ်တုန်းက ဟန်စစ်အတွက် လက်ဆောင်ပေးခဲ့တယ်လို့ ပြောပြဖူးတယ်မဟုတ်လား၊ အပွင့်တွေ ဝေဆာနေတာကို ငေးကြည့်နေပုံထောက်ရင်
စောယွန်းကို သတိရနေတာဖြစ်မယ်လို့ ကျွန်ုပ်က ခန့်မှန်းမိတာပ။စောယွန်းက ဟန်စစ်မင်းနှင့် အခြေအတင်ဖြစ်ပြီးနောက်ပိုင်း စကားမပြောခဲ့သော်ငြား သူ့အား တိတ်တဆိတ်လက်ဆောင်များ ပေးပို့နေခဲ့မြဲ ဖြစ်သည်။ သူ၏ လက်ပေါ်တွင် ကြီးပြင်းလာသည့် ထိုကောင်လေးကို မတွေ့ရတော့သည်မှာ သူ့အား အရှင်လတ်လတ်ဒဏ်ခတ်သည့် အကြီးမားဆုံးသော အပြစ်ဒဏ်သာ ဖြစ်လိမ့်မည်။
![](https://img.wattpad.com/cover/243962522-288-k477466.jpg)