CH - 08

109 15 0
                                    

"မား ဘယ်လိုရောက်လာတာလဲ"

ခြင်းတစ်ခုဆွဲကာပြာပြာသလဲနှင့် အခန်းထဲဝင်လာသောမားကိုကြည့်ကာ ရှောင်းကျန့်မေးလိုက်သည်။

"ကျန့်ကျန့်.. ဘယ်လိုဖြစ်တာလဲဟင်။ သားဒဏ်ရာနာနေသေးလား"

မားက ပတ်တီးအဖွေးသားနှင့် ရှောင်းကျန့်ခြေထောက်ကိုကြည့်ကာ ဝမ်းနည်းရိပ်များတရိပ်ရိပ်သန်း‌နေသည်။

ဟိုးအရင်ကလို မားရဲ့အပြုံးတွေကိုပြန်မြင်ချင်လိုက်တာ။

"မား ကျနော်ဘာမှမဖြစ်ပါဘူး"

ပါးပြင်ပေါ်ကမားရဲ့လက်ဖမိုးကို အုပ်မိုးကိုင်ကာဖြေလိုက်သည်။

"ကျနော်ကိုယ်တိုင် သေချာဆေးလိမ်းပေးထားတာမို့ အဆင်ပြေသွားမှာပါ အန်တီ"

စိုးရိမ်တကြီးဖြစ်နေသောမားကို ဘေးကရိပေါ်က စိတ်သက်သာရာရအောင်ပြောလိုက်သည်။

"ကျေးဇူးနော်.. သားလေးရိပေါ်။ အန်တီ့သားလေးကို သေချာကြည့်ရှုပေးလို့"

"နေပါဦး!! မားတို့က သိနေကြတာလား"

"အင်းလေ.. ကျနော် ဒီကိုရောက်ပြီးတစ်ရက်ကြာတော့ ကျဲကျဲက ကောရဲ့အိမ်ကိုခေါ်သွားလို့‌သိနေခဲ့တာ"

အော်.. အဲ့တော့ ဒီအမွှေစိန်လေး လျို့ဝှက်ကုဒ်နဲ့ဒီတိုက်ခန်းထဲဝင်လာနိုင်တာ မထူးဆန်းတော့ပါဘူး။

"အို.. ကိုယ့်သားရဲ့ အခန်းလျို့ဝှက်ကုဒ်ကိုတောင်ပေးလိုက်တယ်ဆိုတော့ တော်တော်ရင်းနှီးနေကြပုံပဲနော်"

သားအရင်းကိုသွေဖယ်ကာ မတွေ့တာဆယ်စုနှစ်လောက်ကြာတဲ့သားအမိတွေလို ချစ်ကြည်နူးနေကြသော အယောင်ဆောင်သားအမိနှစ်ယောက်ရဲ့အရှိန်ကိုဖျက်ကာ ရှောင်းကျန့်ရွဲ့ပြုံးဖြင့်ပြောလိုက်သည်။

"အာ.. အဲ့တာ ကောကကျနော်ခေါ်နေတာ ထူးမှမထူးဘဲ။ ဒါကြောင့်ကျနော်က အန်တီ့ဆီဖုန်းဆက်အကူအညီတောင်းလိုက်တာ"

ဖြူဖွေးဖွေးလက်ညှိုးလေးက ရှောင်းကျန့်လက်မောင်းဆီသို့တို့ကာထိကာ စူပုတ်ပုတ်နှုတ်ခမ်းဖြင့်ရန်တွေ့နေလေသည်။

FIREFLY IN THE DARKWhere stories live. Discover now