တင်းတောင်!!
"မားပြန်လာပြီထင်တယ်"
မားက ရှောင်းကျန့်လျို့ဝှက်ကုဒ်နံပါတ်ကိုသိနေတာတောင် ဘယ်တုန်းကမှ အသိမပေးဘဲဝင်လာခဲ့ခြင်းမရှိ။ ရှောင်းကျန့် အိမ်ခွဲနေကတည်းကလို့ ပြောရမည်ပင်။ မားက သူ့သားဖြစ်သူရဲ့ privacy ကိုအမြဲနားလည်ပေးခဲ့သည်။
ကြုံဖူးသမျှထဲ.. သူ့ရဲ့ privacy ကိုနားမလည်တာဆိုလို့ သကောင့်သားဝမ်ရိပေါ်ဆိုတဲ့ အဆိုးအပေလေးတစ်ယောက်သာရှိသည်။
"ကျနော် တံခါးသွားဖွင့်လိုက်မယ်"
ရှောင်းကျန့်တစ်ယောက် မျက်ရည်စက်တွေနှင့်စိုရွှဲနေသောရင်ခွင်ထဲမှထွက်ကာ မျက်ရည်စတွေပါးပြင်ပေါ် ကျန်နေသေးသော်ငြားမသိနိုင်တာကြောင့် လက်ဖမိုးနှစ်ဖက်နှင့်ပင် အကြမ်းပတမ်းဆွဲသုတ်လိုက်သည်။
"မျက်ရည်တွေကို ဒီလိုအကြမ်းပတမ်းဆွဲသုတ်ရတယ်လို့ ကောကိုဘယ်သူပြောလဲ.. ဟင်"
ချစ်စဖွယ်ကလေးတစ်ယောက်ကို မေ့ငေါ့မေးနေသလိုအမူအရာနှင့် ရိပေါ်ကရှောင်ကျန့်ပါးပြင်ပေါ်နူးညံ့ညံ့ထိကိုင်သည်။
"ပါးပြင်နုနုဆိုတာ ဒီလိုတယုတယထိတွေ့မှုမျိုးနဲ့ပဲထိုက်တန်တယ်.. ကောရဲ့"
ဒီကောင်လေးကတော့ တကယ်ပဲသူ့ကိုခြွေချနိုင်တဲ့အရည်အချင်းရှိသည်။
"တံခါးသွားဖွင့်ပေးလိုက်ဦး"
ပါးပြင်ပေါ်ကလက်ကို အသာလေးဖယ်ချလိုက်တော့ ချိုမြသောအပြုံးနှင့်ကောင်လေးက "အင်း"ဟုဆိုကာ ထွက်သွားသည်။
တဒုတ်ဒုတ်ခုန်နေတဲ့ ရှောင်းကျန့်ရဲ့နှလုံးသားငယ်ကတော့ ပိုင်ရှင်ရဲ့တားမြစ်နေမှုကို လျစ်လျူရှုစွာနှင့်ပင် တစ်စုံတစ်ယောက်အတွက် အဆက်မပြတ်ခုန်နေပြန်သည်။
"အန်တီ ပြန်လာပြီလား"
"အို.. ကျဲကျဲတို့ပါ တစ်ခါတည်းပါလာတာကို"
စကပ်အတို၊ နေကာမျက်မှန်တပ်နှင့် ဒေါက်ဖိနပ်စီးထားသော ခပ်မိုက်မိုက်အဝတ်အစားနှင့်မလိုက်ဖက်စွာပင် လူကြီးတစ်ယောက်ရဲ့လက်မောင်းကိုဆွဲထားကာ ကပ်ချွဲနေသောဝမ်ဟွားရွယ်ကို ရိပေါ်ကြည့်ကာပြောလိုက်သည်။
CZYTASZ
FIREFLY IN THE DARK