"အနှစ်နှစ်ဆယ်ရှိပြီ"
ဆေးဘူးတွေကိုစနစ်တကျပြန်သိမ်းနေသော ရိပေါ်ရဲ့လက်တွေက ခေတ္တမျှရပ်တန့်သွားသည်။
အတိတ်ရဲ့အိပ်မက်ဆိုးတွေဆီကရော.. မျက်စိရှေ့ကမားဆီကပါ ရှောင်ပြေးနေခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီ။
"ကျနော်သိတယ်"
မြင်ကွင်းရှေ့ရှိ အရယ်အပြုံးမရှိသောမျက်နှာနှင့်ကောင်လေးက ခေါင်းမမော့ဘဲတုံ့ပြန်လာသည်။
"မျက်နှာချင်းမဆိုင်နိုင်ခဲ့တာ။ သူမဆီကနေရှောင်ပြေးနေခဲ့မိတာ အနှစ်နှစ်ဆယ်တိတိရှိပြီ"
"အင်း"
ရိပေါ်၏ 'အင်း'ဟူသောတုံ့ပြန်မှုတွင် နာကျင်မှုအချို့ရောယှက်နေသည်။
"ငါတကယ် ဘာလုပ်ရမလဲမသိတော့ဘူး"
ကုတင်အစွန်းကိုတင်းတင်းဖိကိုင်ထားသော ရှောင်းကျန့်လက်များက တုန်ယင်နေသည်။
"ငါကလေ တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်နေပြီထင်တယ်"
ခပ်တင်းတင်းဆုပ်ကိုင်မှုနှင့်အတူ တဆတ်ဆတ်တုန်ယင်နေသော လက်တစ်ဖက်ပေါ် သို့ နူးညံ့နွေးထွေးသောလက်ဖဝါးနှစ်ဖက်က အုပ်မိုးတင်လာသည်။
"မဟုတ်ဘူး.. ကောက တစ်ကိုယ်ကောင်းဆန်တဲ့သူမဟုတ်ပါဘူး"
"ငါ.. ငါတကယ်ပဲ သူမအပေါ်ဘယ်လိုဆက်ဆံရမလဲမသိဘူး။ ငါတကယ်ပဲ စိတ်ပျက်စရာကောင်းနေတာလား"
"အဲ့လိုမဟုတ်ပါဘူး"
ရှောင်းကျန့်ရဲ့ တသိမ့်သိမ့်တုန်ယင်နေသောကိုယ်လေးကို ရိပေါ်ကဆွဲယူကာ ရင်ခွင်ထဲမျက်နှာလေးအပ်ထားစေသည်။
"ကျနော့်ရင်ခွင်ထဲမှာငို.. ကောရဲ့မျက်ရည်တွေကိုဘယ်သူ့မှမမြင်စေရပါဘူး"
ခပ်ဖွဖွပုတ်ပေးလာတဲ့လက်ဖဝါးပြင်ရဲ့အထိအတွေ့ဟာ နူးညံ့သလို မာကျောသည်ဟုလည်းထင်ရသည်။ နူးညံ့တဲ့ပန်းပွင့်ငယ်တွေက တံတိုင်းတစ်ခုအဖြစ်ရှိနေနိုင်သလို ကျောပြင်ပေါ်ကနူးညံ့ညံ့လက်ဖဝါးပြင်ဟာလည်း ကာကွယ်မှုအပြည့်အဝပေးနိုင်တဲ့ မာကျောကျောတံတိုင်းသဖွယ်ပင်ရှိနေလေသည်။
YOU ARE READING
FIREFLY IN THE DARK