Unicode
"Hello ကျန့်ကောကော"
"ဘာလာလုပ်တာလဲ"
လူနာခန်းထိလိုက်လာသောရိပေါ်ကို ရှောင်းကျန့်တစ်ယောက် မကြည်ကြည့်နဲ့မေးလိုက်မိသည်။
"ကောဆီလာတွေ့တာလေ.. မနက်စောစောစီးစီး ကောကကျွန်တော့်ကိုထားခဲ့တော့ ကျွန်တော်က ဒီထိလာခဲ့ရတာပေါ့"
တစ်ညလုံးအစားသောင်းကျန်းနေပြီး နေမွန်းတည့်ခါနီးထိအိပ်မောကျနေတဲ့သူကတော့ အပြစ်မရှိဘူးဆိုတဲ့သဘောပေါ့။
လူစုံတက်စုံရှိနေခဲ့တဲ့နေ့... ထိုနေ့ပြီးကတည်းက စိတ်မချဘူးဆိုတဲ့မားကို ဒီမှာဆိုဟိုလုပ်ဒီလုပ်နဲ့ ပင်ပန်းမှာစိုးလို့ မနည်းပြန်လွှတ်လိုက်ရပေမယ့်.. မျက်စိရှေ့က ပြောမရဆိုမရလေးကတော့ ဘယ်လိုနှင်လွှတ်လွှတ် သူ့အနားကနေတစ်လက်မလေးတောင်မရွေ့ခဲ့။
"နားနေခန်းမှာ သွားစောင့်နေ.. ခဏနေ လာခဲ့မယ်"
"ဂျူတီချိန်ပြီးတော့မှာလား"
"အင်း"
လူနာကလေးမလေးကို စစ်ဆေးပေးနေရင်း ရိပေါ်ဘက်လှည့်မကြည့်ဘဲဖြေလိုက်သည်။
"ဒါဆို ကျွန်တော်ဒီမှာပဲစောင့်နေမယ်"
"ပြီးရော"
ပုံမှန်ဆို အလုပ်အနှောက်အယှက်ဖြစ်လို့နှင်လွှတ်မှာဆိုပေမယ့် အခုတော့ ဂျူတီပြီးခါနီးမို့ နားအေးပြီးရောလွှတ်ထားလိုက်သည်။
"ပြီးရင် ဟင်းစားသွားဝယ်ရအောင်"
ကြည့်လိုက်တော့ဖြင့် အဝါရောင်အင်္ကျီလေးဝတ်ကာ လက်နောက်ပစ်၊ ခေါင်းလေးစောင်းပြီးပြောနေတဲ့ပုံက ကလေးလိုလို ကြက်ပေါက်လေးလိုလိုနဲ့.. ပြောလိုက်တဲ့စကားကတော့ အိမ်ရှင်ထီးကြီးကျနေတာပဲ။
"ဒေါက်တာဦးဦး"
"Umm"
ကလေးမလေးရဲ့အသံသေးသေးလေးနောက် ထိုလူရဲ့အသံချိုမြမြလေးလိုက်သည်။
"ဒေါက်တာဦးဦးက ပြန်တော့မှာလားဟင်"
"ဒါပေါ့ ရှောင်စူးရဲ့"
"ဒါဆို ဒေါက်တာဦးဦးကမနက်ဖြန်လာမှာလား"
"အင်း.. ဦးဦးကမနက်ဖြန် နားရက်လေ"
STAI LEGGENDO
FIREFLY IN THE DARK