CH - 04

143 15 0
                                    

ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့်!!

ဒါတောင်သူက စိတ်ရှုပ်စရာကောင်းလောက်အောင် ဘာလို့ပြုံးနေနိုင်ရသေးတာလဲ..

ငယ်ငယ်ကတည်းက မိဘတွေဆီကနွေးထွေးမှုမရခဲ့ဖူးဘူး!!

ဘာလို့သူ့ရဲ့အပြုံးတွေက စိတ်ပျက်စရာကောင်းလောက်‌အောင် နွေးထွေးမှုအပြည့်ပေးနိုင်ရတာလဲ..

"ကျန့်ကောကော"

ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကိုလှမ်းဆွဲရင်းခေါ်လိုက်သည်။

"မနက်ဖြန် ထပ်တွေ့ကြတာပေါ့"

ရိပေါ်ကမျက်လုံးလေးတွေမှိတ်သွားတဲ့အထိ ချစ်စရာအပြုံးတစ်ခုပုံဖော်၍ပြောလိုက်သည်။

ထပ်ပြီးတော့ ဒီအပြုံးပဲလား!!

"ကျန့်ကောကော မနက်ဖြန်ထပ်တွေ့မယ်နော်"

မနေ့က ဆေးရုံမှာပြောခဲ့တုန်းကလို ဒီလိုအပြုံးမျိုးနဲ့ပဲ။ မင်းက တကယ်ပဲဘာလဲ.. ဘာလို့ မင်းလိုကောင်လေးမျိုးက ငါ့အတွက်ပဟေဋိတွေနဲ့ပြည့်နေရတာလဲ။

ရှောင်းကျန့်အတွက် ရိပေါ်ဆိုသည့်ကောင်လေးက ပဟေဋိတစ်ခုပင်။ သူ့ဘဝတစ်လျှောက်လုံးရဲ့အနှစ်နှစ်ဆယ်အတွင်း ဆုံးရှုံးမှုအိပ်မက်ဆိုးကနေ အကြိမ်ကြိမ်ထွက်ပြေးရင်း အထီးကျန်ခြင်းလှောင်အိမ်ထဲပိတ်မိနေခဲ့ရသည်။

သို့ပေမယ့်.. သေရတော့မယ်ဆိုတဲ့ ဒီကောင်လေးကတော့ ဘာလို့များအပူအပင်မရှိသလိုနေနိုင်ရတာလဲ။

"မင်းက တကယ်ကိုပဲ.. စိတ်ပျက်စရာကောင်းတယ်"

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကိုအကြမ်းပတမ်းခါချပြီးထွက်သွားလိုက်သည်။

ကျန်ခဲ့တဲ့ရိပေါ်ကတော့ ရှောင်းကျန့်ခါချခဲ့တဲ့သူ့လက်ကိုကြည့်ကာ..

"တောင်းပန်ပါတယ်.. ကျနော်ကအကို့အတွက်စိတ်ပျက်စရာဖြစ်နေခဲ့လို့"

ထို့နောက်.. ရိပေါ်က သူ့လက်ပေါ်မှာကျန်ခဲ့တဲ့ ထိုသူရဲ့အငွေ့အသက်တွေကိုဆုပ်ကိုင်လိုက်သည်။

"ဒါပေမယ့်လေ.. ကျနော်လုံးဝလက်မလျှော့ချင်သေးဘူး"
......

ဒီနေ့တော့ မနက်ပိုင်းဂျူတီမရှိသောကြောင့် ရှောင်းကျန့်အေးဆေးမှ အိပ်ယာထဖြစ်သည်။ ရလဒ်ကတော့ မနက်တိုင်းလာပို့နေကျ food delivery လွတ်သွားခြင်းပင်။

FIREFLY IN THE DARKDonde viven las historias. Descúbrelo ahora