"ရှောင်ယွမ်.. ကျန့်ကျန့်လေးကို သွားနှိုးလိုက်ပါဦး"
"ဟုတ် မား"
ပန်းနုရောင်မျက်နှာလေးနှင့်ကောင်မလေးက ဆံပင်လေးကိုနှစ်ဖက်ခွဲစည်းထားပုံမှာ ချစ်စရာကောင်းသော်လည်း ကလေးဆန်သည်လည်းမဟုတ်။
"ကျန့်ကျန့်.. ထတော့"ရှောင်ယွမ်ဆိုသည့်ကလေးမလေးရဲ့ နှိုးသံကြားတော့ ရှစ်နှစ်အရွယ်ကောင်လေးက အိပ်ယာထဲကနေလှုပ်လှုပ်ရွရွဖြစ်လာကာ.. နောက်ဆုံးတော့ ပြန်အိပ်ပျော်သွားသည်။
"ကျန့်ကျန့်.. မားက မနက်စာပြင်ပြီးပြီတဲ့"
ရှောင်ယွမ်က ကျန့်ကျန့်ကိုဆွဲထူရင်းပြောလိုက်သော်လည်း အိပ်ချင်မူးတူးပေါက်စနလေးကတော့ မျက်လုံးတစ်ချက်ဖွင့်ပြီး ဘေးတစောင်းလေးပြန်လှဲချကာ အိပ်ပျော်သွားပြန်သည်။
"တကယ်မထဘူးလား"
ရှောင်ယွမ်က ခါးလေးထောက်ကာမေးလိုက်တော့ ပျင်းတိပျင်းရွဲနှင့်ရှောင်းကျန့်မှာ 'အင်း'တစ်လုံးသာပြုသည်။
"မား.. ကျန့်ကျန့်က ဟော့ပေါ့မစားတော့ဘူးတဲ့"
"ဟော့ပေါ့"
ဘယ်လိုတောင်အစားမက်တဲ့ကလေးလေးပါလိမ့်။ Hotpotလို့ကြားတာနဲ့ ချက်ချင်းကိုနိုးလာပြီ။
"ကျဲကျဲ တကယ်ဟော့ပေါ့လား"
ရှောင်းကျန့်ရဲ့မှေးစင်းနေသောမျက်လုံးတွေကနေ အရောင်တောက်နေသောမျက်လုံးများအဖြစ်ပြောင်းသွားဖို့မှာ တကယ်ကိုပင်'ဟော့ပေါ့'ဆိုတဲ့စကားတစ်လုံးတည်းသာလိုသည်။
"ကျဲကျဲ.. တကယ်လားလို့"
ရှောင်းကျန့်တစ်ယောက် ရှောင်ယွမ်ရဲ့အင်္ကျီလက်အနားစကို ဆွဲကာယမ်းကာမေးနေပုံမှာ puppy လေးအလားပင်။
နားရွက်လေးနှစ်ဖက်သာရှိရင် တကယ်ကိုဖြူဖွေးဖွေး puppyလေးနဲ့တူနေမှာ။ အမွှေးပွပွအမြီးသေးသေးလေးကိုတောင် ခါယမ်းနေလောက်မလားမသိ။
ရှောင်ယွမ်က ဘာမှပြန်မဖြေဘဲသူ့ကိုကြည့်ကာရယ်နေသောကြောင့် ရှောင်းကျန့်လေးမှာစိတ်မရှည်တော့။ အိပ်ချင်သည့်စိတ်ကို အတင်းဖျောက်ကာ မီးဖိုချောင်ထဲဦးတည်ပြီး ပြေးဝင်သွားရသည်။
YOU ARE READING
FIREFLY IN THE DARK