CH - 03

156 16 0
                                    

တွေ့စရာအကြောင်းမရှိဘူးဆိုပေမယ့် ဝမ်ဟွားရွယ်ကမားဆီကနေတစ်ဆင့်တောင်းဆိုတော့ ရှောင်းကျန့်မှာ ငြင်းလို့မဖြစ်သောကြောင့် ချိန်းထားတဲ့နေရာကိုသာလာလိုက်ရသည်။

"ရှောင်းကျန့် ရောက်နေတာကြာပြီလား"

"ဟင့်အင်း မကြာသေးပါဘူး"

"ဆောရီး.. ငါနည်းနည်းနောက်ကျသွားတယ်"

"ရပါတယ်.. ဒါနဲ့ နင်ငါ့ကိုပြောစရာရှိတယ်ဆိုတာ.."

"ဟို.. ဘာမှတော့မဟုတ်ပါဘူး။ ဒီအတောအတွင်း နင်အဆင်ပြေရဲ့လား"

"ငါလား ပြေပါတယ်"

"ငါလေ နင့်ကိုဆက်သွယ်ဖို့ကြိုးစားပါသေးတယ်။ ဘယ်လိုမှဆက်သွယ်လို့မရနိုင်ခဲ့ဘူး"

"အော် ဟုတ်လား"

"ရှောင်းကျန့် ငါလေ...."

[Ring~~ Ring~~ Ring]

"ခဏလေးနော် ငါ့မောင်လေးဆီကဖုန်းလာလို့ကိုင်လိုက်ဦးမယ်"

ရှောင်းကျန့် 'အင်း'တစ်လုံးသာပြုပြီး လာချ‌ပေးသောကော်ဖီကိုသောက်နေလိုက်သည်။

*ကျဲကျဲ အခုဘယ်မှာလဲ*

"ငါလား.. အခုကော်ဖီဆိုင်မှာ"

*ဘယ်သူနဲ့လဲ*

"ရှောင်းကျန့်နဲ့"

*ကျနော်လာခဲ့မယ်*

"ဘာကိစ္စလာမှာလဲ"

*ဒီလိုပဲ ပျင်းလို့*

"အင်းပါ ဟုတ်ပါပြီ.. အခုလိပ်စာပို့ပေးလိုက်မယ် ဟုတ်ပြီလား"

သူမဖုန်းချပြီးတော့ ရိပေါ်ဆီကိုလိပ်စာပို့ပေးလိုက်သည်။

"ရှောင်းကျန့်"

"ဟင်"

ကားလမ်းမဘက်ကိုငေးကာ အတွေးရေယာဉ်ကြောထဲမျောနေသော ရှောင်းကျန့်က ဝမ်ဟွားရွယ်ခေါ်လိုက်မှသတိဝင်လာရသည်။

"ငါဘာလို့ ဒီကိုပြန်လာလဲသိလား"

ရှောင်းကျန့် ခေါင်းသာခါပြလိုက်သည်။

"နင်မနေ့ကတွေ့ခဲ့တဲ့ငါ့မောင်လေးက‌လေ တကယ်‌တော့ ဦးနှောက်ကင်ဆာဖြစ်နေတာ... ဆရာဝန်ပြောတာတော့ သူ့မှာအချိန် ၆လပဲကျန်တော့တယ်တဲ့"

FIREFLY IN THE DARKWhere stories live. Discover now