CH - 02

191 19 0
                                    

အေးခဲလွန်းလှသောနှလုံးသားအတွက် ဒီကောင်လေးရဲ့အပြုံးကသိပ်ကိုနွေးထွေးလွန်းသည်။

"မင်းက..?? "

"အာ.. ကျနော်ကရီရှင်းကောကိုလာတွေ့တာ။ သူဒီမှာမရှိဘူးလားဟင်"

အလိုမကျသည့်ကလေးတစ်‌ယောက်လို နှုတ်ခမ်း‌လေးဆူကာ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နှင့် ဟိုရှာသည်ရှာလုပ်နေသောကောင်လေးက ချစ်စရာကောင်းသည်ဟုရှောင်းကျန့်ထင်မိသည်။

ဒီကောင်လေးကိုကြည့်ရတာ ဘာအပူအပင်မှမရှိသလို အေးချမ်းလိုက်တာ..

"စီနီယာရီရှင်းက အရေးကြီးကိစ္စရှိလို့ဆိုပြီး အကိုနဲ့ဂျူတီလဲသွားတာပါ"

"အာ ဟုတ်လား"

[Ring~~ Ring~~ Ring]

"အာ.. ရီရှင်းကောဆီကပဲ"

ခုနကအလိုမကျသည့်မျက်နှာနဲ့ကောင်လေးက အခုတော့ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၏စိတ်ဆိုးနေသောမျက်နှာထားအဖြစ်ပြောင်းသွားသည်။

"ရီရှင်းကော.. ကျနော်လာမှာမို့ စောင့်နေပါလို့ပြောထားတာကို ဘယ်ထွက်သွားရတာလဲ"

ထပ်ပြီးတော့ မျက်မှောင်လေးကြုတ်သွားသည်။

"မရဘူး အခုပြန်လာခဲ့.. မဟုတ်ရင် ရီရှင်းကောက နေမကောင်းတဲ့ကျ‌နော့်ကိုဂရုမစိုက်ပါဘူးဆိုပြီး တီလေးနဲ့တိုင်ပြောမှာ"

ခြိမ်းခြောက်နေသည့်လေသံဖြင့်ပြောနေသောကောင်လေးက ဘာလို့ချစ်စရာကောင်းနေရတာလဲ။

နောက်ပြီး.. သူကရော ဒီကောင်လေးရဲ့မျက်နှာအသေးစိတ်၊ အပြုအမူအပြောအဆိုတွေကအစ ဘာလို့လိုက်ကြည့်နေမိတာလဲ။

မင်းကဘယ်လိုလူမို့လို့များ ငါ့ကိုဒီလိုလွှမ်းမိုးနိုင်ရတာလဲ..

"ကျနော် ဒီမှာခဏထိုင်စောင့်လို့ရလား"

"အင်း"

ရှောင်းကျန့် ဘာမှဆက်မပြောဖြစ်ဘဲ အလုပ်သာဆက်လုပ်နေလိုက်သည်။ တကယ်တော့.. အလုပ်သာလုပ်နေတာ ရှောင်းကျန့်တစ်ယောက် အလုပ်ထဲအာရုံမစိုက်နိုင်။ သူ့ဘဝတစ်လျှောက်လုံး တစ်စုံတစ်ယောက်ရဲ့မျက်နှာအနေအထား၊ အပြုအမူ၊ အပြောအဆိုတိုင်းကို ငေးကြည်နေခဲ့ရဖူးတာဆိုလို့ ကျဲကျဲတစ်ယောက်တည်းသာရှိဖူးသည်။ အခုတော့သူက အခုမှပထမဆုံးတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်ကို ဒီလိုငေးကြည့်နေခဲ့သည်တဲ့လား..

FIREFLY IN THE DARKWhere stories live. Discover now