CH - 05

127 13 10
                                    

"Hello ကျန့်ကောကော"

တံခါးနောက်ကွယ်ကနေ ခေါင်းလေးပဲထွက်ကာ ‌စပ်ဖြီးဖြီးလုပ်ပြနေသောရိပေါ်ကို ရှောင်းကျန့်ကမော့ပင်မကြည့်ဘဲ အလုပ်သာဆက်လုပ်နေလိုက်သည်။

"ဘာလာလုပ်တာလဲ"

"မနက်ဖြန်မှတွေ့မယ်လို့ပြောခဲ့ပေမယ့်.. ကောက ကျနော့်ကိုတွေ့ချင်လောက်မယ်လို့အာရုံရနေလို့"

ရိပေါ်က လက်ညှိုးလေးတစ်ချောင်းကို မေးစေ့ပေါ်တင်ကာ တွေးတောနေဟန်ဖြင့်ဖြေလိုက်သည်။

"အပိုတွေ"

စာရွက်စာတမ်းတွေစစ်ဆေးနေသောရှောင်းကျန့်က မျက်မှန်ကိုချွတ်လိုက်ကာ ရိပေါ်ကိုမော့ကြည့်လိုက်ပြီး မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ရိပေါ်ကတော့ လက်‌လေးပိုက်ပြီးတံခါးကိုမှီနေကာ ရှောင်းကျန့်မျက်စောင်းထိုးပုံကိုကြည့်ပြီး‌ရယ်နေသည်။

"တကယ်ပြောတာပါဆို.. ကျနော့်ရဲ့ ဆဌမအာရုံက အလိုလိုသိနေတာ"

ရိပေါ်က နားထင်ကိုတတောက်တောက်လုပ်ကာဖြင့် ပြောင်စပ်စပ်လုပ်နေလေသည်။

"ဒါဆိုရင်တော့ သေချာနေပြီ.. မင်းကရူးနေတာပဲ"

ရှောင်းကျန့်က ရိပေါ်ဘေးကဖြတ်သွားကာ တီးတိုးတီးတိုးနှင့် ရိပေါ်တမင်ကြားအောင်ပြောသွားသည်။

"ကျနော်ကြားတယ်နော်"

ဖိုင်တွဲတွေပိုက်ကာ လမ်းလျှောက်နေသောရှောင်းကျန့်ကို ရိပေါ်ကလက်ညှိုးလေးဖြင့် ပုခုံးကိုမထိတထိတို့ထိကာပြောလိုက်သည်။

"ဝမ်ရိပေါ်.. ဒါက ငါ့ဆေးရုံ ငါ့အလုပ်နေရာနော်။ နည်းနည်းတော့ respect ရှိပါဦး"

သူနာပြုဆရာမလေးတွေရှေ့ အအော်ခံလိုက်ရသော ဝမ်ရိပေါ်ကတော့ နှုတ်ခမ်းလေးဆူပုတ်ပြကာ..

"ဟွန့်!! ဒါဆိုလည်း ကျနော်သွားတော့မယ်"

ရှောင်းကျန့်ဘာမှပြန်မပြောဘဲ အကြည့်စူးစူးတစ်ချက်သာပို့လိုက်သည်။

"ဟာ သွားမယ်လို့"

ရိပေါ်လှည့်ပြန်သွားတော့မှ ရှောင်းကျန့်သက်ပြင်းချမိသည်။

FIREFLY IN THE DARKDove le storie prendono vita. Scoprilo ora