အမှောင်ထုက ပိန်းပိတ်အောင်နက်မှောင်လွန်းသည်။
အမှောင်ထုရဲ့အလယ် ဒူးနှစ်ဖက်ကိုပိုက်လျက် ကောင်လေးတစ်ယောက်ဟာ သူ့မျက်နှာကိုဝှက်ထားလေရဲ့။
သူ့ဘေးနား ကမ်းလင့်နေတဲ့လက်တွေရှိနေတာကိုခံစားမိတာတောင်.. ထိုလက်တွေက တဖြည်းဖြည်း မြူမှုန်လိုပျောက်ကွယ်သွားတာကိုပါ ထပ်တူခံစားမိနေတယ်။
ကောင်လေးက ဒူးနှစ်ဖက်ကိုပိုတင်းကျပ်အောင်ပိုက်လိုက်ကာ ကိုယ်တိုင်အနွေးဓာတ်ပေးဖို့ကိုကြိုးစားနေတယ်။
"အရမ်းအထီးကျန်တာပဲ"
ရုတ်တရက် အမှောင်ထုကိုတိုးဝင်လာတဲ့အစိမ်းရောင်အလင်းပျပျလေး..
အလင်းရောင်သေးသေးလေးက မထင်ထားလောက်အောင်နွေးထွေးနေတယ်။
ပိုးစုန်းကြူးငယ်လေး..
"မင်းလည်းအချိန်တန်ရင် အဝေးကိုထွက်သွားမှာပါပဲ"
အစိမ်းရောင်အလင်းပိစိလေးကတော့ သူ့စကားတွေကိုမကြားတဲ့အတိုင်း ကောင်လေးရဲ့ဘေးတစ်ဝိုက်မှာသာ မြူးမြူးထူးထူးနဲ့ပျံသန်းနေလေရဲ့..
သူ့ကိုကြည့်ရတာ အရမ်းကိုပျော်ရွှင်နေသလို..
ကောင်လေးဟာ ရုတ်တရက်လက်တစ်ဖက်ကိုရှေ့ဆန့်ထုတ်လိုက်တဲ့အခါ.. အစိမ်းရောင်အလင်းသေးသေးလေးဟာ သူ့ရဲ့လက်ဖမိုးပေါ်ခိုနားလေတယ်။
Zawgyi
အေမွာင္ထုက ပိန္းပိတ္ေအာင္နက္ေမွာင္လြန္းသည္။
အေမွာင္ထုရဲ႕အလယ္ ဒူးႏွစ္ဖက္ကိုပိုက္လ်က္ ေကာင္ေလးတစ္ေယာက္ဟာ သူ႕မ်က္ႏွာကိုဝွက္ထားေလရဲ႕။
သူ႕ေဘးနား ကမ္းလင့္ေနတဲ့လက္ေတြ႐ွိေနတာကိုခံစားမိတာေတာင္.. ထိုလက္ေတြက တျဖည္းျဖည္း ျမဴမႈန္လိုေပ်ာက္ကြယ္သြားတာကိုပါ ထပ္တူခံစားမိေနတယ္။
ေကာင္ေလးက ဒူးႏွစ္ဖက္ကိုပိုတင္းက်ပ္ေအာင္ပိုက္လိုက္ကာ ကိုယ္တိုင္အေႏြးဓာတ္ေပးဖို႔ကိုႀကိဳးစားေနတယ္။
"အရမ္းအထီးက်န္တာပဲ"
႐ုတ္တရက္ အေမွာင္ထုကိုတိုးဝင္လာတဲ့အစိမ္းေရာင္အလင္းပ်ပ်ေလး..
အလင္းေရာင္ေသးေသးေလးက မထင္ထားေလာက္ေအာင္ေႏြးေထြးေနတယ္။
ပိုးစုန္းၾကဴးငယ္ေလး..
"မင္းလည္းအခ်ိန္တန္ရင္ အေဝးကိုထြက္သြားမွာပါပဲ"
အစိမ္းေရာင္အလင္းပိစိေလးကေတာ့ သူ႕စကားေတြကိုမၾကားတဲ့အတိုင္း ေကာင္ေလးရဲ႕ေဘးတစ္ဝိုက္မွာသာ ျမဴးျမဴးထူးထူးနဲ႔ပ်ံသန္းေနေလရဲ႕..
သူ႕ကိုၾကည့္ရတာ အရမ္းကိုေပ်ာ္႐ႊင္ေနသလို..
ေကာင္ေလးဟာ ႐ုတ္တရက္လက္တစ္ဖက္ကိုေ႐ွ႕ဆန္႔ထုတ္လိုက္တဲ့အခါ.. အစိမ္းေရာင္အလင္းေသးေသးေလးဟာ သူ႕ရဲ႕လက္ဖမိုးေပၚခိုနားေလတယ္။
YOU ARE READING
FIREFLY IN THE DARK
Fanfictionပိုးစုန်းကြူးလေးတွေရဲ့အလင်းက သိပ်ကိုသေးနုပ်လွန်းတယ်။ သို့ပေသိ.. အမှောင်ထုအတွက်တော့ လမ်းပြပေးနိုင်လောက်တဲ့ လုံလောက်သောအလင်းကိုပေးစွမ်းနိုင်လေရဲ့💚 ပိုးစုန္းၾကဴးေလးေတြရဲ႕အလင္းက သိပ္ကိုေသးႏုပ္လြန္းတယ္။ သို႔ေပသိ.. အေမွာင္ထုအတြက္ေတာ့ လမ္းျပေပးႏိုင္ေလာက္...