ပန်းခင်းကြီးတစ်ခုထဲ ရှောင်းကျန့်တစ်ယောက်တည်းရပ်နေမိသည်။ ဘေးပတ်ဝန်းကျင်မှာတော့ အသွင်စုံပြီးကိုယ်စီလှပနေကြတဲ့ ပန်းပင်ငယ်တွေကလွဲလို့ ဘာဆိုဘာမျှမရှိ။
"ကျန့်ကျန့်"
"သားလေး"
ဒီအသံတွေကို သူသေချာပေါက်မှတ်မိသည်။ ထင်သည့်အတိုင်းပင် ကျဲကျဲနဲ့ ပါးပါးရဲ့အသံလာရာလှည့်ကြည့်လိုက်တော့..
"ကျဲကျဲ.. ပါး"
"လာပါဦး ပါးတို့ဆီကို"
ပါးပါးက သူ့ရဲ့ရင်ခွင်ကျယ်ကြီးဆီ လာရောက်ခိုစေနားရန် လက်နှစ်ဖက်ကိုဆန့်တန်း၍ ကြိုဆိုနေသည်။ ကျဲကျဲကတော့ ပါးရဲ့ဘေးတွင် ရှောင်းကျန့်မြတ်နိုးရသောအပြုံးတစ်ပွင့်ပန်ဆင်လျက်။
ရှောင်းကျန့် ဝမ်းသာအားရဖြင့် ပါးနဲ့ကျဲကျဲဆီကိုအပြေးသွားလိုက်သည်။
ရှောင်းကျန့် ပါးဆီရောက်အောင်ပြေးသွားလေလေ မြင်ကွင်းထဲကထိုပုံရိပ်နှစ်ခုနဲ့ ပိုပိုဝေးလာလေလေပင်။"ပါးတို့သွားရတော့မယ်"
"လိမ်လိမ်မာမာနေရစ်နော် ကျန့်ကျန့်"
တဖြည်းဖြည်းချင်း လှမ်း၍မမီသောပုံရိပ်နှစ်ခုက ရှောင်းကျန့်မြင်ကွင်းထဲက လုံးဝပျောက်ကွယ်သွားသည်။ ထို့နောက် တစ်လောကလုံးအမှောင်ကျသွားပြီး ပန်းခင်းကြီးတစ်ခုလုံးရှိပန်းတွေက အမှုန်တွေအဖြစ်လွင့်ပျံသွားသည်။
မသွားနဲ့!! မသွားကြပါနဲ့!!!
မထားခဲ့ကြပါနဲ့!!"မသွားနဲ့!!"
မျက်လုံးဖွင့်ကြည့်လိုက်မိတော့ သူရောက်နေသည်က ခုနကလိုတိတ်ဆိတ်မှောင်မဲနေသည့်နေရာမဟုတ်တော့။ သူ့အိပ်ခန်းထဲက အိပ်ရာပေါ်တွင်သာ..
[Ring~~ Ring~~ Ring~~]
"ဟဲလို မား"
"သား ဒီနေ့အချိန်ရရင် အိမ်ဝင်ခဲ့ပါလား။ မားမား သားကိုသတိရလို့။ ပြီးတော့ သားကြိုက်တဲ့ဟင်းတွေလည်းချက်ထားတယ်"
ရှောင့်ကျန့်ငြင်းဖို့စဉ်းစားလိုက်ပေမယ့် အရင်နေ့က မားမားနဲ့ပြဿနာဖြစ်ထားသည်ကိုစဉ်းစားမိတော့ မငြင်းရက်နိုင်"
YOU ARE READING
FIREFLY IN THE DARK