မိသားစုအတွက် မေတ္တာနှင့်ချက်ထားသော ထမင်းဝိုင်းမျိုးသာပေးနိုင်သည့် သူမလိုအိမ်ရှင်မတစ်ယောက်အတွက် တစ်ဘဝလုံးရင်ထဲအသည်းထဲစွဲနေခဲ့သည့် ခံယူချက်တစ်ခုမှာ 'ချစ်ရသူတွေအတွက်လုပ်ပေးရသည့်ထမင်းပွဲသည်သာ နွေးထွေးသောပီတိဖြစ်သည်'ဟုပင်။
လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကတည်းက သူမပြင်ဆင်ပေးသောထမင်းဝိုင်းကို နှစ်နှစ်သက်သက်စားခဲ့ဖူးကြသော ရင်နှစ်သည်းချာသားသမီးနှစ်ယောက်ထဲတွင် တစ်ယောက်ကို ထာဝရဆုံးရှုံးခဲ့ရသည်။
ရှောင်းကျန့်လေးကတော့ ဘွဲ့ရပြီးကတည်းက အိမ်ခွဲနေခဲ့ပြီး တစ်ခါလေးတောင်အိမ်ပြန်လာခဲ့ခြင်းမရှိပေ။ သူ့အတွက် အတိတ်ဆိုးတွေရှိတဲ့အိမ်မှာနေဖို့ခက်ခဲလွန်းသည်ဆိုတာ သူမသိသည်။ ဒါပေမယ့်.. ဒါပေမယ့် သူမရဲ့သားလေး အထီးကျန်နေသည်ကိုတော့ တကယ်ပင်မကြည့်ရက်နိုင်။ ဒါကြောင့်.. သူ့နားရက်တွေဆို ကိုယ်တိုင်သာတိုက်ခန်းဆီသွားလည်ရသည်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကလေးကို စိတ်ထိခိုက်အောင်လုပ်ခဲ့မိပေမယ့် သူမ.. သူမ တကယ်ကိုပင်ဘာလုပ်ရမှန်းမသိတော့။
"ဘယ်လိုမိခင်မျိုးက ဒီလောက်ထိတုံးအမှာတဲ့လဲ"
ကိုယ့်ကလေးရဲ့ စိတ်ဒဏ်ရာကိုမကုစားပေးနိုင်တာ။
ကိုယ့်ကလေးရဲ့ အထီးကျန်မှုကိုမဖြေဖျောက်ပေးနိုင်တာ။ဘယ်လိုမိဘမျိုးကရော ဒီလောက်ထိအသုံးမကျမှာတဲ့လဲ။ သူမ စဉ်းစားခဲ့ရသည်မှာ အနှစ်နှစ်ဆယ်ပင်ရှိခဲ့ပြီ။ သူမရဲ့ကြိုးစားအားထုတ်မှုတွေကို အနှစ်နှစ်ဆယ်ဆိုသည့်အချိန်တွေကသာ အမျိုးမျိုး လှောင်ပြောင်သွားခဲ့ကြသည်။ သူမကတော့ ယခုအချိန်ထိ အသုံးမကျသောမိခင်ဖြစ်နေတုန်းပင်။
အခွင့်အရေးဆိုတာ ရတုန်းကိုဆုပ်ကိုင်ထားရမယ်မလား..
အခုတော့.. သူမရဲ့ကလေးငယ်ကို ပြုံးပျော်အောင်လုပ်ပေးမယ့်သူရှာတွေ့ခဲ့ပြီ။ သူမပြင်ဆင်ပေးမယ့်ထမင်းဝိုင်းကို နှစ်နှစ်သက်သက်စားပေးမယ့် နောက်ထပ်ကလေးတစ်ယောက်ကိုပါ ကောက်ရခဲ့ပြီ။
VOCÊ ESTÁ LENDO
FIREFLY IN THE DARK