(Unicode)
ရောင်ခြည်ခပ်စူးစူးကမျက်နှာပေါ်ကျရောက်လာသဖြင့်သူမနိုးလာလေသည်။
လူးလွန့်ကာပျင်းကြောဆန့်လိုက်ပြီးဝါးကနဲတချက်သန်းဝေကာအိပ်ယာပေါ်မှ
ထလိုက်သည။"၀ါးးးး....ကောင်းကောင်းအိပ်လိုက်ရ!?...
"ဟမ်?...မနေ့ညကအိပ်ယာပေါ်မှာအိပ်ခဲ့တာမဟုတ်ဘူးလေ"
ကမန်းကတန်းမှတ်ဉာဏ်တွေကိုပြန်စစ်ဆေးမိတော့။
မနေ့ညကဟိုလူကြီးနဲ့ရန်ဖြစ်ခဲ့တာပဲ
ပြီးတော့ထိုလူကြီးကိုငေးကြည့်ရင်းဘေးနားမှာသူမအိပ်ပျော်သွားခဲ့တာလေ!?ဒါဆိုဘယ်လိုအိပ်ယာပေါ်ရောက်နေတာလဲ!?
"မမလေး...နိုးပြီလား"
အိမ်အကူတစ်ယောက်အခန်းထဲ၀င်လာတော့
သူမဘယ်လိုဖြစ်သလဲဆိုတာမေးကြည့်ရန်ပြင်လိုက်သည်။"Nae..နိုးပါပြီ ဒါနဲ့ကျွန်မလေအပေါ်ထပ်ကိုဘယ်လိုရောက်နေတာလဲဟင်?"
"CEO nimကသူနိုးလာတော့မမလေးဘေးမှာအိပ်နေတာတွေ့လို့သူကိုယ်တိုင်ချီပြီးအပေါ်ထပ်ကအိပ်ယာပေါ်ပို့ခဲ့တာပါ"
"ရှင်!?..တကယ်ကြီး"
"တကယ်ပါ...အခုတောင်မမလေးနိုးပြီလား
လာကြည့်ခိုင်းလို့ လာခဲ့တာ""သူကဘယ်မှာလဲဟင်?"
"ထမင်းစားခန်းမှာပါ
မမလေးကိုစောင့်နေပါတယ်""စောင့်-စောင့်နေတာလား ဒါဆိုအခုပဲမျက်နှာသစ်ပြီးအောက်ဆင်းလာခဲ့မယ်"
"Nae...မမလေး"
အိမ်အကူထွက်သွားတော့သူမမျက်နှာကြီးနီရဲလာပြီးအရှက်သည်းကာ ဘေးနားက
ခေါင်းအုံးတွေကိုကုတ်ဆွဲဖဲ့မိလေသည်။"ချီခဲ့တာတဲ့လား><...
အားးးးရှက်လို့သေမှာပဲ ဒီလူကြီးဘာလဲ
လူကိုပြုစားနေတာလား""အသဲနှလုံးမရှိဘူးလို့ထင်ထားတာ အီးးး
အခုကျတော့လည်း dramaတွေထဲကလိုပဲ"ရှက်ရမ်းရမ်းပြီးအိပ်ယာပေါ်မှထလာတော့
ဘေးနားက မီးအိမ်တင်ထားတဲ့စားပွဲခုံနဲ့တိုက်မိကာ ဒူးခေါင်းအီဆိမ့်သွားသည်။
YOU ARE READING
𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮