||5||

1.1K 165 49
                                    

ချစ်ရသူပေးသောခါးသီးမှုဟာ
ချိုမြန်လွန်းပါသည်...။

ချစ်ရသူပေးသောပေးသောအေးစက်
ချင်းဟာနွေးထွေးလွန်းပါသည်...။

ချစ်ခြင်းမမည်သောခါးသီး​​​ခြင်း
တို့နဲ့အစပျိုးခဲ့သည်...။

အေးစက်ခြင်းဟူသောနှုတ်ခမ်းပါးပါးက
အမိန့်ဆန်တဲ့စကားများနဲ့နိဒါန်း
ကိုအစပျိုးခဲ့သည်...။

နောက်ဆုံးတော့လည်း...။

ချစ်မိသူသာအပြစ်...။

ချစ်မိသူသာအရူံး...။

ကြိုးဆွဲရာကရမည့်ရုပ်သေးရုပ်လေး
တစ်ရုပ်သာဖြစ်ခဲ့ရသည်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ဟာသူမအရင်တုန်းမျှော့်လင့်ထား
သလိုဖြစ်လာတော့မည့်နေ့။
သူမချစ်ရသောသူနဲ့လက်ထပ်ရတော့မည့်နေ့။
ဘယ်လိုပဲသူကသူမအပေါ်အလုပ်သဘောအရထဘက်မပိုတဲ့ခံစားချက်မျိုးထားနေပါစေ။
သူမကတော့သူ့ကိုချစ်တာထက်ပိုသောခံစားချက်မျိုးနဲ့မြတ်နိုးမိလေခဲ့ပြီ...

အကြောင်းပြချက်ရယ်လို့သူမမှာမရှိပါ။
သူမို့လိုချစ်ခဲ့မိတာဖြစ်မည်
Coffeeဆိုင်လေးတစ်ဆိုင်မှာစတွေ့တဲ့မထူးခြားမခြားနားအဖြစ်လေးတစ်ခုက
လက်ထပ်ဖို့အထိဖြစ်လာတယ်ဆိုတာသူ့မရဲ့ကံကောင်းမှုပဲပေါ့။

လက်ထက်ပွဲက12:30...သူကအခုထိ Japan
မှာရှယ်ယာရှင်တွေနဲ့အစည်းအဝေးလုပ်နေလို့
ပြန်မလာရသေးဘူးတဲ့လေ။

ဘယ်လိုပဲအလုပ်များတယ်ပြောပြောကိုယ့်ရဲ့လက်ထပ်မည့်နေမှာတော့အဲ့အလုပ်တွေကခန
လောက်ဖည်ထားလို့မရဘူးလားဟုသူမဒေါသထွက်ထွက်နဲ့တွေးမိသည်။

ဒါပေမယ့်သူကသူမပိုင်ဆိုင်သေးတဲ့အရာမှမဟုတ်ပဲလေ....သက်ပျင်းကိုသာခက်ဖွဖွချပြီး
မျက်နှာကျက်ကြီးကိုငေးမိတော့ သူသိပ်ချစ်ရတဲ့မျက်နှာလေးပေါ်လာသည်။
ဒီလိုနဲ့အခန်းငယ်ထဲမှာသူ့မတစ်ယောက်ထဲ...
နာရီလက်တံတဂျက်ဂျက်ကသူနဲ့တည်
ဆောက်ရတော့မယ့်နီးကပ်လာတဲ့အချိန်
တွေကိုညွန်ပြနေလေသည်။

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now