||8||

1.1K 119 16
                                    

(Unicode)
အရာအာလုံးကိုသိချင်မိတယ်...။

ထိုလူသားရဲ့အမှောင်ဘက်ခြမ်းကနာကျင်မှုတွေ,၀မ်းနည်းမှုတွေကို ...။

သူငိုတဲ့အခါ မျက်ရည်တွေကိုတယုတယသုတ်ပေးတဲ့လက်တစ်စုံဟာ
ကျွန်မဖြစ်ချင်တယ်...။

သူပင်ပန်းတဲ့အခါ နားခိုရာရင်ခွင်တစ်စုံဟာ
ကျွန်မဖြစ်ချင်ခဲ့ပြီး တသက်လုံးမညီး
မညူထွေးပိုက်ထားပေးချင်တယ်...။

မနက်တိုင်းထိုလူသားရဲ့အပြုံးတွေနဲ့သာမနက်ခင်းကိုဖြတ်သန်းချင်မိပြီး...။

ကျွန်မသိပ်ကိုချစ်မိသွားတဲ့အဲ့ဒီအပြုံး
တွေကို နေရက်တိုင်းအကြိမ်ထောင်ပေါင်းများစွာပြုလုပ်ပေးချင်မိတယ်...။

ဒါတွေဟာချစ်မိသွားတဲ့ပြီးတဲ့နောက်မှာကျွန်မနားလည်ခဲ့တဲ့အရာတွေပါပဲ။

ကျွန်မဟာထိုလူသားရဲ့ Tulipပန်းလေး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Popoပေးလိုက်လိုက်ရင်တော့သက်သာသွားမယ်ထင်တယ်"

"ရှင်?"

ကြားလိုက်ရတဲ့ကိုယ့်နားကိုတောင်မယုံချင်
ဒီနေ့မှထူးထူးဆန်းဆန်းကောင်းကောင်း
မွန်မွန်ဆက်ဆံခံရသည့်အပြင်ဒီလိုအဖိုးအိမ်ကိုအတူတူလိုက်ပေးတဲ့အထိကနေအခုလို?

"ဘာမှမဟုတ်တော့ပါဘူး"

ဟောကြည့်သူပဲပြောပြီးသူပဲရှက်နေပြန်ကာဖြူဖွေးသည့်ပါးလေးနှစ်ဖက်ကသိသာအောင်ရဲတက်လာသည်။

*မုန်းစရာကောင်းတဲ့လူကြီး*

အလိုက်သိတဲ့သူမကပဲသူပြောခဲ့တာကိုမကြားချင်ယောင်ဆောင်ပြီးရှောင်ထွက်သွားပေးရပေမပေါ့လေ။

"သေချာမကြားလိုက်လို့တောင်းပန်ပါတယ် ...ဟီး"

သွား32လုံးပေါ်အောင်ဖြီးမကြားဟန်ဆောင်လိုက်ပြီးလှည့်ထွက်သွားမည်အပြု...

"တောင်းပန်ပါတယ် ယူရီရှီ"

"ဟင်?"

တောင်းပန်ပါတယ်တဲ့ အခုတောင်းပန်ပါတယ်လို့ပြောလိုက်တာပေါ့လေ။သူ့လုပ်ရပ်တွေအတွက်တခါမှသူမပေါ်၀န်ထုပ်၀န်ပိုးမဖြစ်ခဲ့သူဆီက ဒီစကားလေးတစ်ခွန်းကိုဘယ်လောက်တောင်မျှော်လင့်ခဲ့လည်းဆိုတာသူမကကလွဲပြီးဘယ်သူကသိမှာတဲ့လဲ။

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now