||1||

3.9K 195 19
                                    

(Uni)
ကျွန်မတို့စတွေ့ခဲ့တာ
ကတကယ့်ကို
ကပျက်ကချော်နိုင်ခဲ့တယ်...။

Coffee ဆိုင်တစ်ခု...။

ကျွန်မအမြဲထိုင်နေကျနေရာလေး...အေးအေး
ချမ်းချမ်းနဲ့ လူနည်းပြီး
စာလုပ်လို့ကောင်းတဲ့နေရာလေး...။

ထုံးစံအတိုင်းထောင့်တနေရာကိုရွေးထိုင်လိုက်
ကာ...သူငယ်ချင်းကလည်းမလာသေးတာမို့မျှော်ရင်း Black coffee တစ်ခွက်မှာရင်း မျက်မှန်
ပုလင်းဖင်ကြီးကိုမြင့်တင်ကာစာကိုအာရုံစိုက်နေလိုက်သည်။

ဆူဆူညံညံနဲ့ ရီသံတွေတဖြည်းဖြည်းနီးလာတယ်....
ညစ်!...အဲ့လိုနားပူမခံချင်လို့ဒီနေရာမှာ
လာနေပါတယ်ဆိုမှ...။

အုပ်စုလိုက်ကိုဆူဆူညံညံနဲ့....
တစ်ယောက်မှန်ပွတ်တဲ့ရယ်သံကြီးနဲ့တခိခိရီနေတယ်...။နောက်တစ်ယောက်လည်း
ကျယ်လိုက်တဲ့အသံကြီးဆိုတာ အသံထဲမှာ
Speaker တပ်ထားသလား အောင်းမေ့ရတယ်။

တော်ပြီ ငါနဲ့တော့မဖြစ်တော့ ပါဘူး...သူမစာအုပ်ကြီးကိုအာရုံစိုက်ကာ coffeeခွက်
ကိုယူပြီးထလိုက် သည်...

ခွက်!...ခွမ်း!....

အရာအားလုံးကမျက်စိတစ်မှိတ်အတွင်းမှာ...

အလွဲလွဲအချော်ချော်တွေလုပ်တက်တဲ့ကျွန်မကထုံးစံအတိုင်းမျက်နှာပူစရာပြသာနာဖြစ်လေပြီ။

သူမမျက်လုံးကိုမရဲတရဲဖွင့်ကြည့်လိုက်တော့
ဒေါသတွေရယ် ရှက်စိတ်တွေရယ်နဲ့
နီမြန်းနေတဲ့သူမျက်နှာနုနုလေး..။

ဘယ်သူထင်မှာလဲသူ့မျက်နှာလေးကိုတွေ့ရတဲ့
စက္ကန့်ပိုင်းလောက်အချိန်အတွင်းမှာ ကျွန်မရူး
ရူးမူးမူးချစ်မိသွားလိမ့်မယ်လို့လေ...။

သူအကျီ ပေါ် မှာပေစွန်းနေတဲ့သူမရဲ့ coffeeတွေ...။

ကြမ်းပြင်မှာတစဆီကြကွဲနေတဲ့ coffeeခွက်လေး...။

ညစ်ပေသွားတဲ့hoodieကိုတလှည့်သူမကိုတလှည့်ခပ်စူးစူးကြည့်နေတဲ့သူရဲ့အကြည့်ကဒိုင်းကနဲရင်ဘတ်ကိုလာမှန်တယ်

မင်း...မင်းမှာ ယဥ်ကျေးမှုမရှိဘူးလားဟမ်...။

မင်းကြောင့်ဖြစ်သွားတာကိုမတောင်းပန်သင့်ဘူးလို့မင်းထင်နေတာလား?...။

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Donde viven las historias. Descúbrelo ahora