||7||

1.2K 132 24
                                    

//Zawgyi//
(Unicode below)

ပြည့်စုံလွန်းတဲ့လူသားကိုချစ်ခဲ့မိတာကိုယ့်အတွက်တော့အမှား
တစ်ခုပါပဲ...။

ဒဏ်ရာတွေတစ်ခုပြီးတစ်ခုကရင်ဘတ်ထဲစိုက်၀င်လာလည်းတွယ်ကပ်နေမိမြဲ....။

ဥပေက္ခာ‌နဲ့စိမ်းသက်သက်အကြည့်တွေကိုထူးထူးဆန်းဆန်း‌သဘောကျမိနေတဲ့ကိုယ်က

နာကျင်မှုတွေဆိုရင်တောင်ပျော်ပျော်ကြီးပွေ့ပိုက်ချင်မိခဲ့တာ

နာကျင်မှု/ပျော်ရွင်မှုဆိုတာ သူတစ်ဦးထဲနဲ့သက်ဆိုင်ခဲ့မှန်း
သူသိမှသိပါလေစ။

သေးငယ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကစကားသံတွေပေါ့ ....သူကတော့ဘယ်သိနိုင်ပါမလဲ။

အချစ်ဆိုတာဘယ်ကစသလဲမသိပေမယ့်ရင်ဘတ်ထဲမှာအမြစ်တွယ်နေခဲ့ပြီးအချိန်မှာထိုလူသားကကိုယ့်ရဲ့ အရာအားလုံးဖြစ်နေခဲ့တာပဲ။

နုလုံးသားကိုပြည့်နှက်နေတဲ့ခံစားချက်‌တွေဟာအမျိုးစုံသောအရောင်တွေဖြစ်နေခဲ့ရင် ဆေးခြယ်သူဟာထိုလူသားဖြစ်လိမ့်မယ်ထင်ပါရဲ့
_________________________

Computerရှေ့မှာထိုင်ရင်း Americanoတခွက်ကိုသောက်ရင်း ထောင်ပေါင်းများစွာသော emailတွေကိုစစ်နေရလေသည်။

သူ့ဘ‌၀ကစာရင်းဇယားတွေထဲမှာပဲမြုပ်နုံထားတာမို့ဒီအလုပ်တွေနဲ့အသားတကျရှိနေခဲ့တာကြာပြီ။ငယ်ငယ်ထဲကအရွယ်နဲ့မလိုက်အောင်ခေါင်းထဲကို
စီးပွားရေးအကြောင်း‌တွေရိုက်သွင်းခံခဲ့ရတာပြီး Dad သူ Business Partnerတွေရဲ့ Business Partyတွေသွားရင်မပြီးဆုံးနိုင်သောစီးပွားရေးအကြောင်းနဲ့ဂုဏ်သိက္ခအဆင့်အတန်းပကာသနတွေအကြောင်းနားထောင်ခဲ့ရသည်။
ဒါတွေကပဲ
သူ့အတွက်အောင်မြင်မှုရဲ့
လမ်းစထက်မြက်ပြီးပါးနပ်အောင် စီးပွားရေးကိုအကွက်စေ့စေ့ထောင့်စေ့စေ့နဲ့စီမံခန့်ခွဲတက်အောင်တွန်းပို့ခဲ့တာပင်။
အခုအချိန်မှာစီးပွားရေးလောကမှာ မင်ယွန်းဂီဆိုရင် ပြိုက်ဘက်ကင်းပြီးဘယ်သူမှလာမထိရဲတဲ့
အငယ်ဆုံးBusiness leaderတစ်ယောက်ဖြစ်အောင် Dadကပျိုးထောင်ပေးခဲ့တယ်။ ဟန်ဆောမျက်နှာဖုံးအောက်နေသားကျသင့်သလောက်ကျနေခဲ့ပြီးပျော်ရွင်မှု ချစ်ခြင်းလွတ်လပ်ချင်းတွေအတွက် ဂုဏ်သိက္ခာကိုရှေ့တန်းတင်နေရတဲ့သူက အသက်ကွာလွန်းတဲ့ကလေးသာသာကောင်မလေးတစ်ယောက်ကို လုပ်ငန်းအတွက်လပ်ထပ်ခဲ့ရပြီပဲ။
သူလည်းအချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုကိုမလိုချင်ခဲ့ပါဘူးလေ။ခက်တာကအချစ်ဆိုတာချိုသလားခါးသလားတောင်မသိခဲ့တာပဲ။ ဂျစ်ကန်ကန်လုပ်တက်ပေမယ့် သူ့ကိုခိုးခိုးကြည့်တက်တဲ့ကောင်မလေးရဲ့မျက်နှာကအာရုံမှာထင်ဟတ်လာလေသည်။

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now