||10||

1.3K 134 68
                                    

Unicode

_မဟုတ်ဘူး_

သူမရဲ့နားရွက်ဖျားကို  ချစ်လို့ကျယ်စယ်ကာ နမ်းသည်ဟုမဆိုသာ
သွားသေးသေးလေးတွေဖြင့် ကြိတ်ပြီးကိုက်နေသလို မျက်စိရှေ့ကလူသည် သူမလက်ထက်ထားသည့် ခပ်အေးအေး CEOမှဟုတ်ရောဟုတ်ပါလေစ သူသည်အသိစိတ်လွတ်နေတဲ့လူလိုမျိုး သူမရဲ့ခါးတွေတင်းကျပ်စွာဖက်ကာ အသဲအသန်နမ်းဖို့ကြိုးစားသည် နှုတ်ခမ်းပါးပါးသည်မဲ့ပြုံးဖြင့်တွန့်ချိုးနေလျက် မျက်၀န်းတို့တွင်အထင်သေးသည့်အရွဲ့တိုက်လိုစိတ် သံယယအစွန်းအစတွေနဲ့

ဘယ်လောက်ပဲချစ်ပါတယ်ဆိုဆို သံသယများဖြင့် အရွဲ့တိုက်လိုစိတ်ဖြင့် ချစ်ခြင်းမပါပဲ ကြမ်းတမ်းသော အခြေအနေမျိုးကို သူမလုံး၀မသာယာသလို လိုလည်းမလိုချင်ပါ။ သူမသည်မာနရှိသောမှန်သည်ထင်လျှင်ဘယ်အရာကိုမှမ‌ကြောက်သောမိန်းကလေးတစ်ယောက်ဆိုပေမယ့်လည်း အခုအခြေအနေက‌ရှောင်ဖယ်ကာ အထင်လွဲနေသောသူ့ကို နားလည်လာသည်အထိအထပ်ထပ်အခါခါရှင်းပြရင်း တောင်းပန်မယ်ဟုတွေးလိုက်မိသည်။

ထိုကြောင့် ကြိတ်ကိုက်ခံရ၍နာနေတဲ့နားတစ်ဖက်‌ကိုလည်း ဂရုမစိုက်အား အားကုန်သုံးကာဒေါသတွေနဲ့ နမ်းဖို့ပြင်နေသော‌သူကိုလည်းစိတ်မတိုမိ။ သူမသည်ချစ်ရသူမဟုတ်ပါလား

"ဖယ်..ဖယ်ပေးပါအုန်း အထင်လွဲနေတာပါ ယူရီသေချာရှင်းပြပါ့မယ် ယူရီ- အမေ့!"

ခုခံနေရာမှတောင်းတောင်းပန်ပန်မျက်၀န်းတွေနဲ့
ဖြေရှင်းချက်ပေးဖို့ရာ စကားဟမိသော်လည်း
ရုတ်တရက်ဘေးနားက အိပ်ရာကြီးပေါ်တွန်းချခံလိုက်ရသောကြောင့် မျက်လုံးတွေပြာကနဲ ။

နက်ကတိုင်ကိုဆွဲဆောင့်ကာပြေလျော့လျော့ဖြစ်စေပြီး shirt မှကြယ်သီးနှစ်လုံးကိုဆွဲဖြုတ်ကာ
မဲ့ပြုံးတွေနဲ့အုပ်မိုးလာသောသူကြောင့် အာခေါင်တွေခြောက်လာသလို ဘာတွေဖြစ်မှာလဲတွေးမိတာနဲ့တပြိုင်နက် သွေးတွေပြောင်းပြန်စီးသွားသလို.... ဟင့်အင်း မဟုတ်ဘူး မဖြစ်ရဘူး
သူကငါ့ကိုအထင်သေးလို့အဲ့လိုလုပ်နေတာပဲ
ငါ့ကို ခပ်လွယ်လွယ်မိန်းမဆိုပြီး ငါ့ကိုမုန်းလို့-

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now