Unicode
ခံစားလွယ်တယ်...အသဲနှလုံးပါတဲ့
လူသားတစ်ယောက်ပေပဲမို့...ပိုင်ဆိုင်ချင်ခဲ့ပေမယ့်ဒီလိုပုံစံမျိုးမှမဟုတ်ခဲ့တာ...အထပ်ထပ်အခါခါသုံးခဲ့တဲ့စကားကို
အခုလည်းပြန်သုံးရပြန်ပြီ...။နာကျင်မှုတွေကရင်ဘတ်နဲ့မဆန့်တော့တဲ့အခါ မျက်ရည်လည်းမထွက်နိုင်တော့ဘူး
ဟန်ဆောင်ပြုံးတစ်ခုနဲ့ ...
ဆို့နစ့်နေတဲ့ရင်ဘတ်ကသာအားကိုးရာ
ကိုယ်ဟာကြိုးဆွဲရာစေရမယ့်
ကကြိုးရုပ်သက်သက်ဖြစ်ခဲ့ပြီ....။မင်ယွန်းဂီ...ခများကသိပ်နားလည်
ရခက်တာပဲ....။______________________________
မျက်မှောင်နှစ်ဖက်ကိုကျုံလျှက်စိတ်တိုစရာတစ်ခုခုကိုကြားသည့်နှယ် အလိုမကျမှုကအထင်းသား...။
ဖုန်းထဲကဘယ်သူကများထိုလူသားစိတ်ဆိုးစေမယ့်စကားလုံးကိုပြောလိုက်မိပါလိမ့်?။
မင်း...
တိုပြတ်ပြတ်နဲ့အေးစက်တဲ့ဝါကျတစ်လုံးထိုလူသားနှုတ်ကထွက်လာခဲ့တယ်။
ဖုန်းကိုခပ်ကြမ်းကြမ်းဆောင့်ပိတ်ကာ ဝုန်းကနဲပေါက်ကွဲပစ်လိုက်သောကြောင့် ဘေးနားကသူမလန့်၍အော်မိသည်အထိ။ဘာတွေများဒီလောက်တောင်ဒေါသထွက်သွားရတာလဲ...။
သာမန်လူမ၀ယ်နိုင်လောက်တဲ့ဈေးနဲ့နာမည်ကြီး brandဖုန်းကတော့ မြေကြီးပေါ်မှာတစစီမှန်တွေကွဲ
အက်လျှက်..။"CEO nim ဘာဖြစ်လို့လဲဟင်?"
"ဘာမှမဖြစ်ပါဘူး"
တိုပြတ်ပြတ်စကားသံတစ်ခုထွက်လာပြီးနောက် အရင်ကနဲ့မတူတော့ပဲအေးစက်နေတဲ့လေထုကိုခံစားလိုက်ရသည် ပေါက်တူးသာဖိပေါက်နေတဲ့ သူရဲ့ခြေထောက်ဖွေးဖွေးမှာရွံ့တစ်ချို့ကပေကျံလျက်...။
"CEO nim နားတော့လေ နေ့လယ်တောင်ရောက်တော့မယ်"
အခုထိတစ်ချက်မှမနား ဘာစကားမှမပြောပဲပေါက်တူးကိုသာအာရုံထားကဖိပေါက်နေတာမို့ မနေနိုင်တော့တဲ့သူမကပဲစကားစလိုက်ရသည်။
YOU ARE READING
𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮