||13||

1.6K 128 62
                                    

သူတို့နှစ်ယောက်ရဲ့နှလုံးသားသည် ထပ်ခိုးခန်းလှလှလေးထဲမှာ ထပ်တူကျနေခဲ့သယောင်။

"Aigoo ဘာလို့ငိုနေတာလဲကလေးလေးရဲ့
မငိုရဘူးလေ "

ကျောကိုခပ်ဖွဖွပုတ်ပေးကာ တ‌တွတ်တွတ်ချော့နေသော လူကြီး။

မျက်နှာအပ်ထားရာကခွာလိုက်တော့ မျက်ရည်တွေရော နှပ်ချီးတွေရောပေါင်းကာ သူမမျက်နှာသည် ညစ်ပတ်လျှက်။ အဲ့ဒီပုံစံကိုသူကမြင်တော့ ရီချင်စိတ်ကိုမနဲထိန်းထားရသည့်ပုံ။

"ကိုယ့် အကျ-တွေညစ်ပတ်သွားပြီ ကဲ
မျက်နှာသုတ်ပေးမယ် ဒီကိုလာ"

ခါးကိုဆွဲဖက်ကာ ဘောင်းဘီအိပ်ကပ်ထဲက လက်ကိုင်ပုဝါလေးကိုယူပြီး မျက်နှာကိုစိတ်ရှည်လက်ရှည်သုတ်ပေးနေလေသည် ။

" Propose လုပ်တာကို ညစ်ပတ်အောင်ငိုပစ်ရလား အရူးလေးရဲ့"

"ငြိုငြင်တာလား"

"အင်းဟုတ်တယ် "

ထပ်ငိုတော့မလိုမဲ့လာတော့ အင့်ကနဲရင်ခွင်ထဲရောက်သွားပြန်သည်။

လူဆိုးကြီး။

"တော်ပြီ မငိုနဲ့တော့လေ ကလေးလေးကလည်း"

သူ"ကလေးလေး"လို့ခေါ်လိုက်တိုင်း
သူမရင်ဘတ်ကြီးထဲ ရိုလာကိုစတာစီးနေသလိုဝုန်းဒိုင်းကြဲပြီးအမြင့်ကြီးကနေ ဝုန်းကနဲပြုတ်ချလာသလိုခံစားရသည်။ ကြာရင်နုလုံးရောဂါရလိမ့်မယ်ထင် ၊ ဒါကိုသူမသိ။

"ခုနက ဘယ်လိုခေါ်တာလဲထပ်ခေါ်ပါအုန်း"

"ဟင် ဘာကိုလဲ"

"သိရဲ့သားနဲ့"

"မသိပါဘူး"

"မခေါ်ဘူးလား"

"သိမှမသိတာ "

ခါးကိုပိုတိုးဖက်လာတဲ့လက်တွေ လက်တဖက်ကိုလွတ်ကာ မေးစိကိုဆွဲမော့စေသည်။

"ကိုယ့်မျက်လုံးကိုသေချာကြည့်ပြီးပြော"

"ကိုကို"

သူ့မျက်လုံးတွေကို စေ့စေ့ကြည့်မိတဲ့အခါ
မလိမ်ညာနိုင်တော့ပဲမသိလိုက်ခင်မှာ နမ်စားလေးထွက်ကျလာသည်။

"ကိုယ်သဘောကျတယ်
အဲ့လိုပဲခေါ် "

နှာခေါင်းလေးကိုဖွဖွဆွဲညစ်လာတော့
နာသယောင်အကဲပိုပြလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 22, 2021 ⏰

Add this story to your Library to get notified about new parts!

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now