(Uni)
နှင်းတွေအရမ်းကျပြီးအေးစိမ့်နေသော ဆိုးလ်မြို့ကြီး...
သူမရင်ထဲမှာတော့ဆန့်ကျင်ဖက်
ပူလောင်နေသည်ဘဝကြီးကဖြစ်ချင်တာတစ်ခုတောင်ဖြစ်မလာနိုင်ပဲအချိန်တိုင်းနာကျင်စရာတွေနဲ့ပြည့်နေရတာလဲ?
နောက်တစ်ပတ်ဆိုပဲသူမရဲ့Wedding တဲ့...မငြင်းဆန်ရဲလို့သာခေါင်းငြိမ့်ခဲ့ရပေမယ့်သူမခံစားရသာသူမအသိဆုံး။
သူမရင်ထဲမှာတစ်ယောက်သောသူကသာလျှင်စိုးမိုးထားတယ်လေ...သူ့အတွက်သူမကတော့
အရေးပါပုံမရ...ဒီနေ့တနေကုန်အခန်းအောင်းကာစိတ်ညစ်တာတွေပျောက်သွားအောင်အားရပါးရအိပ်ပစ်မယ်ဟုစဥ်းစားထားပေမယ့် အတွေးနဲ့လက်တွေ့ကတကယ်ဖြစ်မလာပေ။
အိပ်ယာပေါ် လဲချကာအတင်းမျက်လုံးကိုမှိတ်ပြီးအိပ်ဖို့
ကြိုးစားပေမယ့်... နောက်တစ်ပတ်နေရင်လက်ထပ်ရတော့မယ်ဆိုတဲ့အတွေးကြီးကဝင်ဝင်လာလို့စိတ်အပျက်ကြီးပျက်ရသည်။ကြိုးစားပြီးထပ်လှဲအိပ်လိုက်ပေမယ့်မျက်လုံးထဲပေါ်လာတဲ့နီထွေးထွေးနူတ်ခမ်းပါးတစ်စုံ..
အားးးးးးShit!!!!
အသားကုန်ကျုံးအော်ကာအိပ်ရာပေါ်မှဆောင့်အောင့်ထလိုက်ရသည်။
သူမဆက်အိပ်နေဖို့ဘယ်နည်းနဲ့မှ
မဖြစ်နိုင်တော့ပါချေ...နဂိုထဲကအငိုလွယ်တဲ့သူမထုံးစံအတိုင်း
ငိုမဲ့မဲ့ဖြစ်လာချေပြီ...မင်ယွန်းဂီမကောင်းတဲ့လူကြီး...
ခံစားရတာသက်သာအောင်ခေါက်ဆွဲစားမယ်ဆိုပြီးပြုတ်လိုက်ပေမယ့် ခေါက်ဆွဲအိုးကြီးရှေ့ချပြီးငိုနေတဲ့သူမပါလေ
အငိုလွယ်လွန်းတဲ့သူမကိုသူမလည်းမုန်းမိသည်။
ဒါပေမယ့်လည်းဘာထူးမှာလဲ... ကိုယ့်ကိုယ်ကိုမုန်းနေလို့ရောဒီအခြေအနေကလွတ်မြောက်သွားမှာတဲ့လား...
ရှိသမျှဒေါသတွေကိုခေါက်ဆွဲအိုးအပေါ်စုပုံချကာ...ပူပူလောင်လောင်ခေါက်ဆွဲတွေကိုနင်းကန်ထိုးသွပ်လိုက်တော့ခံစားသွားရတာကသူမပါလေ
အား!...အား! #%$%%သေပါပြီ လျှာကျက်သွားပြီလားမသိဘူး...
ဒီနေ့ကတော့တကယ့်ကိုကံမကောင်းတဲ့နေ့တနေ့ပါပဲ...
![](https://img.wattpad.com/cover/240986857-288-k263503.jpg)
YOU ARE READING
𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮