"မင်ယွန်းဂီ နင်ကလေ တကယ်ပဲသိလား!"လီဂျူယွန်း လက်ထဲကယောင်းမနဲ့ ခပ်ဆတ်ဆတ်ယွန်းဂီကျောကိုရိုက်ရင်း အော်ပစ်လိုက်သည်။
"အာ့ နာတယ်ဟ"
"နင်တို့အတွဲအဆင်မပြေဘူးကြားလို့ငါမှာအပြေးလာလိုက်ရတာ နင်တို့က ငါ့ကိုနင်တို့အိမ်မှာ ထားပြီး အပြင်ထွက်ကြည်နူးနေကြတယ်တဲ့လား"
"အဲ့တာကမထင်မှတ်ပဲပြေလည်သွားတာပါဟာစိတ်လျော့ စိတ်လျော့"
ယွန်းဂီ မရဲတရဲပြုံးပြလိုက်တော့ ဂျူယွန်းကမျက်စောင်းထိုးသည်။ ဂျူယွန်းဒေါသထွက်တာလဲမှန်ပါတယ်လေ ။ဧသည်ကိုအိမ်ခေါ်ပြီးသူတို့က အပြင်ကနေညနေစောင်းမှပြင်လာကြသည်မဟုတ်ပါလား။ ဧသည့်ဖြစ်တဲ့ဂျူယွန်းက သူတို့ဖို့ဆိုပြီး မီးဖိုချောင်ထဲ ချက်ပြုတ်ပေးနေရသည်။
"နင့်ကလေးလေးက မဆိုးဘူးပဲ ချစ်စရာလေးစကားပြောရတာလည်းအဆင်ပြေတယ်"
ယူရီကိုချီးကျူးစကားပြောလာတော့ အပြုံး
ကထိန်းမရ။ ဒါပေါ့ငါ့ကလေးလေးပဲလေလို့
စိတ်ထဲကတွေးလိုက်မိသည်။အဲ့ဒီကလေးလေးကသူ့ရဲ့ comfort zoneဖြစ်မှန်းမသိဖြစ်နေတာခဲ့တာကြာပြီလေ။ သူ့မပခုံးပေါ်မျက်နှာအပ်ပြီး ငိုခဲ့မိတာကိုပြန်တွေးမိတော့ကိုယ့်ကိုယ်ကိုအံဩရသည်။ သူ့ငိုခဲ့ဖူးတာဆိုလို့ ဘ၀မှာနှစ်ခါထဲရှိသည်။ သူ့မိဘတွေရော ဘယ်သူကမှ သူငိုတာ မတွေ့ဖူးခဲ့ သူကသိပ်ကိုအေးစက်ပြီး အသဲနှလုံးမရှိတဲ့လူလို့သာလူတွေကထင်ထားကြတာမဟုတ်ပါလား။ ယူရီသာ
နမ်ဂျွန်းတို့ဂျူယွန်းတို့ကိုအဲ့အကြောင်းသွား
ပြောရင် ဘယ်လိုမှယုံကြမှာမဟုတ်။ သူမမျက်နှာပေါ်ခေါင်းအပ်ပြီးငိုခဲ့တာ သူ့ဘ၀ရဲ့ဒုတိယမြောက်အချိန်ငိုခဲ့ခြင်းပင်။သူမရဲ့မရင့်ကျက်တဲ့ကလေးဆန်ဆန်အပြုအမှုတွေကိုတချိန်ထဲမှာစိတ်ရှုပ်ရသလို တချိန်ထဲမှာ အသဲယားရသည်။ တခါတလေဆိုသူ့ကိုစိတ်လွတ်လက်လွတ်ငေးကြည့်နေတဲ့သူမမျက်နှာလေး၊ ချစ်စရာပါးဖောင်းဖောင်းလေးတွေက
တကယ့်ကို အသဲယားဖို့ကောင်းသည်။
သူအတွက်သူမက စင်စစ်ကလေးလေး၊ တခါတလေကြရင်လည်း သူ့ဘေးနားမှာသူ့ကိုကာကွယ်ပေးမယ့် လူကြီးလေးလို။
![](https://img.wattpad.com/cover/240986857-288-k263503.jpg)
YOU ARE READING
𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮